International Celebrity: ပရိသတ်တွေ ပန်းချီဆွဲထားတဲ့ ဆယ်လီ (၉) ဦးရဲ့ အဆိုးရွားဆုံးပုံတူများ

, updated

ဂျက်စတင်ဘီဘာ၊ ဘရစ်တနေစပီးယား၊ ကန်ဒဲလ်ဂျန်နာစတဲ့ ဆယ်လီတွေရဲ့ပုံကို သူတို့ရဲ့ပရိသတ်က ဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

play

 

ဆယ်လီတွေကို သူတို့ပရိသတ်တွေက အရမ်းချစ်ကြတဲ့အတွက် သူတို့ရဲ့ပုံတူတွေကို ကြိုးစားဆွဲလို့ သူတို့ချစ်တဲ့ အနုပညာရှင်တွေကို ပြသခဲ့ကြပါတယ်။

၁။ ဂျက်စတင်ဘီဘာ

play

 

Interview မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့တဲ့ ဂျေဘီရဲ့ဓာတ်ပုံကိုကြည့်ပြီး ပရိသတ်တစ်ယောက်က ဆွဲထားတဲ့ပုံကို မြင်တော့ သူက "ကျွန်တော်မြင်ဖူးသမျှထဲမှာ အရယ်ရဆုံးပဲ" လို့ ရေးသားခဲ့ပါတယ်။

သနားစရာကောင်းတဲ့ ပန်းချီဆရာမှာ ဆယ်လီပုံတွေကို ဘယ်တော့မှ ဆွဲတော့မယ် မထင်ပါဘူး။

၂။ ဘရစ်တနေစပီးယား

play

 

ပေါ့ပ်အဆိုကျော် ဘရစ်တနေဟာ ၂၀၀၇ ခုနှစ်က သူမရဲ့စိတ်ကျန်းမာရေး ယိုယွင်းခဲ့မှုကို ဒီပန်းချီပုံရဲ့ ကျေးဇူးကြောင့် ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး။

"ခေါင်းပြောင်လည်း လှပါတယ်" လို့ ပန်းချီဆွဲသူက ရေးထားပါသေးတယ်။

၃။ ရီဟားနား

play

 

ရီဟားနားဟာ အလှဆုံးအနုပညာရှင်တစ်ဦးအဖြစ် နာမည်ကျော်သူပါ။ ဒါကြောင့် ရီဟားနားပုံကို ဆွဲမယ်ဆိုရင်တော့ အတော်လေး အားထုတ်ဖို့တော့ လိုပါလိမ့်မယ်။ ဒီပန်းချီဆရာကတော့ ဖြစ်အောင် မလုပ်နိုင်ခဲ့ပါဘူး။

၎။ ကန်ဒဲလ်ဂျန်နာ

play

 

ပြစ်မျိုးမှဲ့မထင် အလှနဲ့ စူပါမော်ဒယ်လေးဟာ ဒီပန်းချီပုံကို မြင်တဲ့အချိန်မှာ လန့်သွားနိုင်ပါတယ်။

၅။ ကင်မ်ကာဒါရှီယန်

play

 

ကင်မ်ကာဒါရှီယန်ကို ဘယ်တော့မှ ဆံပင်ဖရိုဖရဲမမြင်ဖူးပါဘူး။ ဒါပေမဲ့ ဒီပန်းချီဆရာကတော့ ဘာစိတ်ကူးနဲ့ ဒီလို ဆွဲထားသလဲတော့ မသိပါဘူး။

၆။ ဇေးမောလစ်

play

 

ဇေးမောလစ်ကတော့ ဂျက်စတင်ဘီဘာနဲ့ မတူပါဘူး။ ဇေးဟာ ဒီပန်းချီပုံကို တွစ်တာကနေ ပြန်လည်ဝေမျှခဲ့ပြီး သူ့ပရိသတ်ရဲ့ အားထုတ်မှုအတွက် အသိအမှတ်ပြုခဲ့ပါတယ်။

၇။ ဘီရွန်းဆေး

play

 

ဘီရွန်းဆေးလို့တောင် မထင်ရပါဘူး။ သူမ အိပ်ရာနိုးချိန်မှာ ဒီလိုပုံဖြစ်နေသလားတော့ မသိပါဘူး။

၈။ လူဝီတွမ်လင်ဆန်

play

 

ပြုံးရွှင်နေတဲ့ One Direction အဆိုတော်လေး လူဝီရဲ့ပုံတူပန်းချီပါ။

၉။ ဂျနီဖာအန်နစ္စတန်

play

 

ဟောလိဝုဒ်မင်းသမီး ဂျနီဖာအန်နစ္စတန်မှာ ဒရမ်မာမင်းသမီးနဲ့မတူဘဲ သရဲမင်းသမီးနဲ့တောင် တူသွားပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ