International Celebrity: မားစ်ဂြိုဟ်ကို သွားဖို့ ပြင်ဆင်နေတဲ့ လီယိုနာဒို ဒီကက်ပရီယို

ကမ္ဘာအပြင်ဘက်ထိ ခြေဆန့်ဖို့ စိတ်ကူးနေပါတယ်။

play

 

အော်စကာဆုရှင် လီယိုနာဒို ဒီကက်ပရီယိုဟာ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့  South By South Lawn ဆွေးနွေးပွဲမှာ မားစ်ကိုသွားမယ့် လွန်းပြန်ယာဉ်ခရီးစဉ်အတွက် စာရင်းပေးထားကြောင်း ပြောခဲ့ပါတယ်။

သမ္မတအိုဘားမားနဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ကက်သတင်းဟေဟိုးတို့ကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာရပ်တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးရင်းက လီယိုနာဒိုဟာ မားစ်ကို ခရီးထွက်မယ့်အကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

play

သူတို့သုံးဦးဟာ မြန်မာနိုင်ငံပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲဆိုင်ရာ သက်ရောက်မှုအကြောင်း ဆွေးနွေးနေကြတာဖြစ်ပြီး ဒေါက်တာဟေးဟိုးက မားစ်ခရီးစဉ်အကြောင်း ပြောလိုက်စဉ်မှာ စကားလမ်းကြောင်းက ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

"မားစ်ကို ခရီးထွက်ဖို့ စီစဉ်မထားဘူဆိုရင်ပေါ့။ ဘယ်သူမှ မစီစဉ်ထားဘူးလို့ ထင်တာပဲ။ ပြင်ထားရင်တော့ ရူးလို့ပဲ ဖြစ်မယ်" လို့ ဒေါက်တာဟေးဟိုးက ပြောလိုက်ချိန်မှာ "ကျွန်တော် စီစဉ်ထားတယ်" လို့ လီယိုနာဒိုက ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

လီယိုနာဒိုရဲ့စကားအဆုံးမှာ "သူ ရူးတယ်ဆိုတာ ဝန်ခံလိမ့်မယ် ထင်တယ်" လို့ အိုဘာမားက ပြောခဲ့ပါတယ်။

ဟောလိဝုဒ်မင်းသားကြီးဟာ မားစ်ကိုခရီးသွားမယ်လို့ပြောတာ နောက်တာလား တကယ်လားဆိုတာ သေချာမသိရပေမဲ့ သူတကယ်သွားချင်တယ်ဆိုရင်တောင် တစ်နှစ် နှစ်နှစ်အတွင်း သွားဖို့ မဖြစ်နိုင်သေးပါဘူး။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ