International Celebrity: ကိုရီးယားဒရာမာဆုအတွက် ဆောင်းဂျွန်ကီ၊ ပတ်ရှင်ဟေးနဲ့ ကင်ရေဝန်တို့ ရေပန်းစားနေ

ဆောင်းဂျွန်ကီကပဲ နောက်ထပ် ဆုကြီးတစ်ဆု ဆွတ်ခူးဦးမလားဆိုတာ စောင့်မျှော်ရင်ခုန်ရမှာပါ။

play

 

၂၀၁၆ ခုနှစ် ကိုရီးယားဒရာမာဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းတွေနဲ့ ဆုအမျိုးအစားတွေကို အောက်တိုဘာ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အားလုံးမျှော်လင့်ထားတဲ့အတိုင်း ဆောင်းဂျွန်ကီကတော့ လျာထားစာရင်းထိပ်ဆုံးမှာ ပါဝင်လာခဲ့ပါတယ်။

play

 

ဒယ်ဆန်းဆု (အကောင်းတကာ့အကောင်းဆုံးဆု)ကို ဆောင်းဂျွန်ကီက Descendants of the Sun ဇာတ်ကားနဲ့ လျာထားခံရသလို Doctors ဇာတ်လမ်းတွဲရဲ့မင်းသား ကင်ရေဝန်ကလည်း ယင်းဆုအတွက် လျာထားခံထားရပါတယ်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုအတွက် ဂျန်ဟွန်ဆန်၊ အန်ဂျေဟွန်း၊ ယူဆောင်းဟိုနဲ့ ဆိုဂျီဆပ်တို့က လျာထားခံရပါတယ်။

play

 

အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုအတွက်တော့ ပတ်ရှင်ဟေး၊ ဘတ်ဂျင်ဟီး၊ ကင်ဟွန်ဂျူး၊ ဆိုဟွန်ဂျင်းတို့ထဲက ဘယ်သူဆွတ်ခူးမလဲဆိုတာ စောင့်မျှော်ရမှာဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ အောက်တိုဘာ ၇ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ