International Celebrity: ရီဟားနား အရမ်းကြိုက်တဲ့ အသည်းပုံအင်္ကျီကို ဝတ်ထားတဲ့ ကန်ဒဲလ်ဂျန်နာ

လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေပုံလေးက အပြစ်ကင်းစင်လှပါတယ်။

play

 

စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာဟာ အစ်မဖြစ်သူ ကင်မ်ကာဒါရှီယန်နားမှာ အတူနေပေးဖို့အတွက် Paris Fashion Week ကနေ အမေရိကကို စောစောစီးစီး ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

play

 

ကင်မ်ဓားပြတိုက်ခံရတဲ့ ကိစ္စရှိနေခဲ့ပေမဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ မြင်တွေ့ရတဲ့ပုံအရ ကန်ဒဲလ်ကြည့်ရတာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေပုံပါပဲ။

အသက် ၂၀ အရွယ် မော်ဒယ်မလေးဟာ အသည်းပုံဝတ်ရုံနီကြီးကို ဝတ်ကာ မျက်မှန်အကြီးကြီးတစ်လက်ကိုလည်း တပ်ထားပြီး အားရပါးရ ရယ်မောနေပုံကို သူမရဲ့ အင်စတာဂရမ် ပရိသတ် ၆၆.၈ သန်းအတွက် မျှဝေခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီနှစ်အစောပိုင်းမှာ ရီဟားနားက ဝတ်ဆင်ထားခဲ့ဖူးတဲ့ ထူးခြားလှတဲ့ အဲဒီအသည်းပုံအင်္ကျီဟာ ကြိုက်များတဲ့ ဒီဇိုင်းဖြစ်လာဦးမလားပါပဲ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ