play

 

ဂျနီဖာလိုပက်နဲ့ သူမရဲ့ခင်ပွန်းဟောင်း မက်အန်တိုနီတို့ဟာ စပိန်ဘာသာစကားနဲ့သီဆိုထားတဲ့ အယ်လ်ဘမ်တစ်ခုကို ပူးပေါင်းထုတ်ဝေဖို့ ပြင်ဆင်နေကြပါတယ်။ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ကို နိုဝင်ဘာလမှာ စတင်ဖြန့်ချိမှာဖြစ်ပြီး အယ်လ်ဘမ်အပြည့်ကိုတော့ နောက်နှစ်မှထုတ်ဝေမယ်လို့ သိရပါတယ်။

play

 

ပရော်ဖက်ရှင်နယ်သမားတွေပီပီ အတိတ်ကကိစ္စတွေကို ခေါက်ထားပြီး အလုပ်တွေကို အဆင်ပြေပြေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တာ ချီးကျူးစရာပါ။ သြဂုတ်လတုန်းကလည်း နယူးယော့ခ်ရှိုးပွဲတစ်ခုမှာ ဂျေလိုနဲ့ အန်တိုနီတို့ သီချင်းအတူဆိုခဲ့ကြပါသေးတယ်။

play

 

အန်တိုနီနဲ့ ဂျေလိုတို့ဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်းကစလို့ အလုပ်အတူတွဲလုပ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၁၁ မှာ ပြတ်စဲကာ ၂၀၁၄ ခုနှစ်မှာတော့ အပြီးတိုင် ကွာရှင်းလိုက်ကြပါတယ်။ အန်တိုနီနဲ့ရတဲ့ ကလေးနှစ်ဦးကိုတော့ ဂျေလိုကပဲ အုပ်ထိန်းစောင့်ရှောက်နေပါတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video