International Celebrity: ဂျိုလီ့အပေါ် မညစ်ပတ်ချင်ဘူးဆိုတဲ့ ဘရတ်ပစ်

ဘရတ်ပစ်က ကိစ္စအားလုံးကို ပြေပြေလည်လည်ပဲ ပြီးဆုံးသွားချင်ပါတယ်။

play

 

အန်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့ဟာ ၁၂ နှစ်တာ အတူနေခဲ့ကြပြီးနောက် ကွဲကွာမှုကို ဖြေရှင်းရာမှာ မိသားစု ပြေပြေလည်လည်ဖြစ်ရေးအတွက် စိတ်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ခြင်း ပြုလုပ်နေပါတယ်။

ဒါပေမဲ့ ဒါဟာ အသက် ၄၁ နှစ်အရွယ် ဂျိုလီနဲ့ အသက် ၅၂ နှစ်အရွယ် ဘရတ်ပစ်တို့ ပြန်ပေါင်းထုပ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

play

 

သူတို့ကြားမှာ မကျေလည်စရာတွေ အများကြီးရှိနေပေမဲ့ ဘရတ်ပစ်က ဂျိုလီ့ကို အပုပ်ချပြောဆိုတာမျိုး မလုပ်ချင်ဘူးလို့ ပြောကြောင်း UsWeekly မှာ ဖော်ပြထားပါတယ်။

ဂျိုလီက ဒေါသအကြီးအကျယ်ထွက်ပြီး ဘရတ်ပစ်နဲ့ ကွာရှင်းဖို့အတွက် သေချာအကွက်ချပြုလုပ်ထားတယ်လို့ ယင်းမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ ဘရတ်ပစ်က ဂျိုလီ ဒေါသထွက်စေမယ့် အရာတစ်ခုခုကို လုပ်ထားတယ်လို့လည်း ဆိုပါတယ်။

play

 

"အန်ဂျလီနာနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိပေမဲ့ ဘရတ်က ဘာမှမပြောပါဘူး။ သူ ညစ်ညစ်ပတ်ပတ်မကစားချင်ဘူးလို့ သူ့အဖွဲ့ကို သူက ပြောထားတယ်" လို့ ဘရတ်ပစ်နဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ