International Celebrity: လည်ဟိုက်ဖဲဂါဝန်လေးနဲ့ အရမ်းဟော့နေတဲ့ ရီဟားနား

ခါတိုင်းထက်ပိုပြီး ဆက်စီကျနေပါတယ်။

play

 

ရီဟားနားဟာ အမြဲလန်းသူဖြစ်ပေမဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာတော့ သူမရဲ့ပုံစံဟာ ခါတိုင်းထက်ပိုပြီးတော့ ဆက်စီကျနေတာကို မြင်တွေ့ရပါတယ်။

play

 

အသက် ၂၈ နှစ်အရွယ် အဆိုတော်မလေးဟာ လည်ဟိုက် ဖဲဂါဝန်အနီလေးဝတ်လို့ နယူးယော့ခ်မြို့ရဲ့လမ်းပေါ်မှာ လျှောက်လှမ်းလာနေတာကို မြင်တွေ့ရပါတယ်။

မိတ်ကပ်ကိုတော့ ခပ်ရိုးရိုးပြင်ဆင်ထားတဲ့ ရီဟားနားဟာ နှုတ်ခမ်းနီအနီရဲရဲဆိုးကာ ဆံပင်ကို ကျစ်ဆံမြည်းတွေအများကြီးကျစ်ပြီး ရှေ့မှာချထားပုံကလည်း တစ်မျိုးဆွဲဆောင်မှုရှိနေပြန်ပါတယ်။

play

 

ကွယ်လွန်သွားပြီဖြစ်တဲ့ ဂီတပညာရှင်ကြီး ရော်မာလေးကို ဂုဏ်ပြုတဲ့အနေတဲ့ ဒီဆံပင်ပုံစံကို ပြုလုပ်ထားတယ်ဆိုတဲ့ ရီဟားနားဟာ အောက်တိုဘာလ ၃ ရက်နေ့တုန်းက သူမရဲ့ဆံပင်ပုံစံအသစ်ကို အင်စတာဂရမ်မှာ မျှဝေခဲ့ပါသေးတယ်။

Source & Photos : Daily  Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ