International Celebrity: ဖက်ရှင်စတိုင်တွေ ဂွမ်းခဲ့ဖူးတယ်ဆိုတဲ့ ဗစ်တိုးရီးယားဘက်ခမ်း

အခုတော့ သူမဟာ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်နေပါပြီ။

play

 

New York Fashion Week မှာ နေရာတစ်ခု ယူလာနိုင်ပြီဖြစ်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်လည်းရှိတဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ လူတွေလေးစားရတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ဗစ်တိုးရီးယားဟာ အမြဲတမ်း စတိုင်ကျနေသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။

play

 

Spice Girls အဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ သူမဟာ ဖက်ရှင်နဲ့ပတ်သက်ပြီး မှားယွင်းခဲ့တာတွေ ရှိခဲ့ဖူးတယ်လို့ The Edit မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

play
၁၉၉၈ ခုနှစ်က Spice Girls အဖွဲ့နဲ့အတူ ဝတ်ဆင်ခဲ့တဲ့ ကြောင်ဝတ်စုံကို ဖက်ရှင်မကျခဲ့ဘူးလို့ ဗစ်တိုးရီးယားက ယူဆထားပါတယ်။

 

"တစ်ခါတုန်းကဆိုရင် PVC cat suit (လယ်သာ ကြောင်ဝတ်စုံ) ဝတ်လို့ အဆင်ပြေလောက်ပါတယ်လို့ ထင်ခဲ့ဖူးတယ်" လို့ သူမက ရယ်ရင်းနဲ့ ပြောပြခဲ့ပါတယ်။

play
၁၉၉၉ ခုနှစ်မှာ လယ်သာ ဝတ်စုံ ဆင်တူဝတ်ဆင်ထားကြတဲ့ ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်း

 

"ရိုမီယိုကို ကိုယ်ဝန်ရှိုန်းကဆိုရင် ဒစ္စနေလန်းကို Christian Louboutin ဒေါက်မြင့်ဖိနပ်နဲ့ လျှောက်သွားဖူးတယ်။ ကိုယ်ဝန်က ကိုးလတောင်ရှိနေပြီ" လို့ ဗစ်တိုးရီးယားက ဖွင့်ဟခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ