International Celebrity: စင်ပေါ်မှာပြေးလွှားရင်း ခြေကျင်းဝတ်ဒဏ်ရာရလို့ ရှိုးပွဲတွေသိမ်းလိုက်ရတဲ့ဒရိတ်ခ်

ဖီလာဒဲဖီးယား၊ နီဝတ်ခ်နဲ့ တိုရွန်တိုရှိုးပွဲတွေကို ရွှေ့ဆိုင်းလိုက်ကြောင်း ဒရိတ်ခ်ရဲ့ဘလော့ခ်မှာ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

play

 

ကနေဒါအဆိုတော် ဒရိတ်ခ်ဟာ ဗုဒ္ဓဟူးညက စင်ပေါ်မှာ သီဆိုရင်း ခြေကျင်းဝတ် ဒဏ်ရာရသွားတာကြောင့် နောက်ထပ်ရှိုးပွဲတွေကို မဆိုနိုင်တော့ပါဘူး။ အမေရိက မြို့ကြီးတွေမှာပြုလုပ်မယ့် Summer Sixteen ဖျော်ဖြေပွဲ သုံးပွဲကို ဖျက်သိမ်းလိုက်ရတဲ့အတွက်လည်း ဒရိတ်ခ်က ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

play

 

ဗုဒ္ဓဟူးညက ချီကာဂိုမြို့က ရှိုးပွဲမှာ သီဆိုဖျော်ဖြေတုန်းက စင်ပေါ်မှာ ပြေးလွှားခဲ့မိရာကနေ မတော်တဆ ဒဏ်ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ ဗီဒီယိုထဲမှာတော့ ဒရိတ်ခ်ရဲ့ ပြေးလွှားပုံဟာ ပုံမှန်မဟုတ်တာကိုလည်း တွေ့ရပါတယ်။

play

 

ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ အနားယူကုသမှု ခံယူမှာဖြစ်လို့ ဖီလာဒဲဖီးယား၊ နီဝတ်ခ်နဲ့ တိုရွန်တိုရှိုးပွဲတွေကို ရွှေ့ဆိုင်းလိုက်ကြောင်း ဒရိတ်ခ်ရဲ့ဘလော့ခ်မှာ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ