International Celebrity: ဟောလိုးဝင်းပွဲမှာ ဟေဒီကလမ်း ဝတ်မယ့်ဒီဇိုင်း

ဟေဒီက ဟောလိုးဝင်းရောက်တိုင်း သူများထက် ပိုထူးဆန်းအောင် ဝတ်ဆင်လေ့ရှိသူပါ။

play

 

ထူးခြားတဲ့ ဝတ်စုံနဲ့အပြင်အဆင်တွေနဲ့ နွှဲကြမယ့် ဟောလိုးဝင်းပွဲအတွက် ပြင်ဆင်နေသူတွေထဲမှာ မော်ဒယ်ကြီး ဟေဒီကလမ်းလည်း ပါဝင်ပါတယ်။ သူမ ဝတ်ဆင်မယ့် ဒီဇိုင်းကိုလည်း ပရိသတ်ကိုပြသလိုက်ပါတယ်။

play

 

သူမရဲ့ လူမှုကွန်ရက်အကောင့်တွေပေါ်မှာ ဝတ်စုံတစ်စုံကို စမ်းဝတ်ကြည့်နေပုံကို တင်ထားပါတယ်။ " ဟောလိုးဝင်းအတွက် ပထမဆုံး ကိုယ်တိုင်းချနေတာ... ဒီနှစ်မှာ ကျွန်မ ဘယ်လိုမျိုးဖြစ်မလဲ၊ ခန့်မှန်းနိုင်သလား" လို့လည်း ရေးထားတာတွေ့ရပါတယ်။  ပေါင်းရင်းထိရှည်တဲ့ဖိနပ်နဲ့အတူ ကိုယ်ကျပ်ဝတ်စုံတစ်စုံကိုဝတ်နေတာပါ။

play

 

ဒါက ဝတ်စုံအပြည့် မဟုတ်သေးပါဘူး။ တကယ့်ပွဲနေ့မှ ဘယ်လိုပုံစံလဲဆိုတာ မြင်ရမှာပါ။ မနှစ်က ဟောလိုးဝင်းပွဲမှာတော့ ဟေဒီက Jessica Rabbit ပုံစံ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

Source : Hedi Klum Twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ