International Celebrity: ကလေးအဖေနှစ်ထပ်ကွမ်း ဖြစ်လာတော့မယ့် ဟားဟား

မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကလည်း ဝမ်းမြောက်နေကြပါတယ်။

play

 

Running Man ပရိသတ်တွေ နှစ်သက်သဘောကျကြတဲ့ အစီအစဉ်တင်ဆက်သူ ဟားဟားကတော့ နှစ်ထပ်ကွမ်းကလေးအဖေ ဖြစ်လာပါတော့မယ်။ ဟားဟားရဲ့ဇနီးသည်ဖြစ်တဲ့ အဆိုတော် ကင်ဂိုအွန်း (Byul)က ဒုတိယမြောက်ရင်သွေးလေး ရရှိထားပြီလို့ သိရပါတယ်။

play

 

အောက်တိုဘာ ၆ ရက်နေ့မှာ Byul နဲ့ ဟားဟားတို့ရဲ့ အေဂျင်စီတွေက အဆိုတော် Byul မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့ကြပါတယ်။ လူတွေရဲ့အချစ်တော် ဆယ်လီစုံတွဲဖြစ်တာကြောင့်လည်း ဒုတိယမြောက်ရင်သွေးရတဲ့အပေါ် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကလည်း ဝမ်းမြောက်နေကြပါတယ်။

play

 

ဟားဟားနဲ့ Byul တို့ဟာ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သိပ်မကြာခင်မှာပဲ သားလေး Ha Dream ကို မွေးဖွားခဲ့ပါတယ်။ ယခုရင်သွေးလေးကတော့ နောက်နှစ်မတ်လလောက်မှ ဖွားမြင်မှာပါ။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ