International Celebrity: ကိုရီးယားဒရာမာဆုပေးပွဲမှာ စုံတွဲဆုထပ်ရတဲ့ ဆောင်းဂျွန်ကီနဲ့ဆောင်းဟေကို

ဆောင်း+ဆောင်း အတွဲကပဲ စုံတွဲဆုတွေ တစ်ခုပြီးတစ်ခု ဆွတ်ခူးနေပြန်ပါတယ်။

play

 

၂၀၁၆ ခုနှစ် ကိုရီးယား ဒရာမာဆုပေးပွဲကို အောက်တိုဘာ ၇ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆုရဖို့ နာမည်ကြီးနေသူထဲက အန်ဂျေဟွန်းတစ်ယောက်ပဲ ဆုနှစ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အားလုံးမျှော်လင့်ထားကြတဲ့ ဆောင်းဂျွန်ကီကတော့ တွဲဖက်သရုပ်ဆောင် ဆောင်းဟေကိုနဲ့အတူ စုံတွဲဆုသာ ဆွတ်ခူးနိုင်ခဲ့ပေမယ့် DOTS ကတော့ အကောင်းဆုံးဒရာမာဆု ရရှိသွားခဲ့ပါတယ်။

play

 

ဒယ်ဆန်းအထူးဆုကို 'When One's Home Is Happy' ဇာတ်ကားနဲ့ ကင်ဆိုယွန်က ရရှိသွားပါတယ်။ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ ဘတ်ဂျင်ဟီးက 'My Daughter Geum Sa Wol' ဇာတ်လမ်းနဲ့ ဆွတ်ခူးသွားခဲ့တာပါ။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရှင်နှစ်ဦး ပေါ်ထွက်လာခဲ့ပြီး  'Cinderella and Four Knights' မင်းသား အန်ဂျေဟွန်းနဲ့၊ 'Doctors' ဇာတ်လမ်းသရုပ်ဆောင် ဂျန်ဟွန်ဆန်တို့က ရသွားခဲ့ပါတယ်။

play

 

ဒါ့ပြင် အန်ဂျေဟွန်းက 'Cinderella and Four Knights' နဲ့ပဲ Global Star Award ကို ထပ်မံဆွတ်ခူးကာ ယခုနှစ် ကိုရီးယားဒရာမာဆုပေးပွဲရဲ့ အတောက်ပဆုံးကြယ်ပွင့်ဖြစ်လာပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ