International Celebrity: တိုရွန်တိုမှာ သားလေးနဲ့အတူ အပြင်ထွက်လည်တဲ့အဒဲလ်

မိတ်ကပ်တွေမပါဘဲ အပြင်ထွက်ရင်တော့ အဒဲလ်ကို မှတ်မိဖို့ခက်ပါလိမ့်မယ်။

play

 

နာမည်ကြီးအဆိုတော် အဒဲလ်လို့ ပြောလိုက်တာနဲ့ မျက်ခုံးကောင်းကောင်း နှာတံပေါ်ပေါ်ကို တွဲမြင်မိမှာပါ။ တိုရွန်တိုမြို့ကို ရောက်နေချိန်မှာတော့ အဒဲလ်က ပြင်ဆင်ခြယ်သမှုတွေမလုပ်ဘဲ ရိုးရှင်းတဲ့မိခင်ဘဝကို သားနဲ့အတူအချိန်ပေးဖြတ်သန်းနေပါတယ်။ ခပ်ရှင်းရှင်းဘလောက်စ်တစ်ထည်ကို ဂျင်းဘောင်းဘီရှည်နဲ့တွဲဝတ်ကာ အိတ်တစ်လုံးစလွယ်သိုင်းထားပုံက စင်ပေါ်ကနဲ့ တခြားစီပါပဲ။

play

 

သားငယ်လေး အန်ဂျလိုနဲ့ မွေးထားတဲ့ခွေးလေးကိုခေါ်ကာ High Park ပန်းခြံထဲမှာ အေးအေးလူလူ လမ်းလျှောက်နေတာ တွေ့ခဲ့ရပါတယ်။ ဘေးမှာလည်း သက်တော်စောင့်တစ်ဦးက ခြံရံထားပါတယ်။

play

 

အဒဲလ်ရဲ့ တစ်ဦးတည်းသောသားလေး အန်ဂျလိုကို သူမရဲ့ချစ်သူ စိုင်မွန်ကိုနက်ကီနဲ့ ရထားတာပါ။ စိုင်မွန်နဲ့အဒဲလ်က ၂၀၁၁ ခုနှစ်ကနေ ယနေ့အထိ ပေါင်းသင်းနေကြတာဖြစ်ပါတယ်။

Photos : Pacific Coast News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ