International Celebrity: ဟောလိဝုဒ်မှာ ကြောက်လန့်ခဲ့ရဆုံးအချိန်တွေကို ပြောပြတဲ့ လီဗြောင်ဟွန်း

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ကို ကြိုးစားနေရတယ်...

play

 

ဟောလိဝုဒ်ရုပ်ရှင်တွေမှာ နေရာတစ်ခုနဲ့ ခိုင်ခိုင်မာမာ ရပ်တည်စပြုလာတဲ့ လီဗြောင်ဟွန်းက သူ့ရဲ့စိတ်လှုပ်ရှားကြောက်ရွံ့စရာ အချိန်တွေကို ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ထုတ်ပြောခဲ့ပါတယ်။

play

 

" ကျွန်တော့်ဘဝကြီးတစ်ခုလုံးမှာ ကြောက်စရာအကောင်းဆုံးအချိန်ကတော့ G.I Joe:The Rise of Cobra အစမ်းလေ့ကျင့်ဖို့ပထမဆုံးဖတ်နေရတဲ့အချိန်ရယ် အော်စကာအကယ်ဒမီအခမ်းအနားရယ်ပဲ" လို့ ပြောပါတယ်။ ဗြောင်ဟွန်းက ၂၀၁၆ အော်စကာဆုပေးပွဲမှာ ဆုတစ်ဆု တက်ရောက်ချီးမြှင့်ပေးခဲ့ရတာဖြစ်ပါတယ်။

သူ့အနေနဲ့ ဟောလိဝုဒ်မှာ ပိုပြီးသက်တောင့်သက်သာရှိဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ကို ကြိုးစားနေရသလို အင်္ဂလိပ်စကားပြောဖို့ဆိုတာလည်း မှုခင်းတစ်ခုမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောနေရတယ်လို့လည်း ပြောပါသေးတယ်။

Source : Variety

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ