International Celebrity: သားဦးလေးကို ချောချောမောမော မွေးဖွားလိုက်တဲ့ ကန်ဒစ်ဆွန်းနီပိုလ်

အောက်တိုဘာလ ၇ ရက်နေ့မှာ မွေးဖွားလိုက်တယ်လို့ သိရပါတယ်။

play

 

အသက် ၂၇ နှစ်အရွယ် စူပါမော်ဒယ် ကန်ဒစ်ဆွန်းနီပိုလ်က သူမရဲ့ ခင်ပွန်းလောင်း ဟာမန်နီကိုလီနဲ့ ရရှိတဲ့ သားဦးလေး အန်နာကာကို အောက်တိုဘာလ ၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

play

 

ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားမှုတွေဟာ ပလူပျံနေခဲ့ပြီး သူမရဲ့ ကိုယ်လုံးတီး ကိုယ်ဝန်ဆောင်ပုံကို ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံဆရာ ဂျော်ရိုမန်ဒူရန်ကလည်း အဲဒီဓာတ်ပုံကိုတင်ရင်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။

play

 

Victoria's Secret မော်ဒယ် ကန်ဒစ်ကို အလှဆုံး မေမေလို့ ညွှန်းဆိုပြီး "အန်နာကာကို ကြိုဆိုပါတယ်။ မင်းနဲ့ မိသားစုလေးကို အခုကတည်းက ချစ်နေပြီ" လို့ ပုံအောက်မှာ စာရေးထားပါတယ်။

play

 

ကန်ဒစ်နဲ့ အသက် ၃၄ နှစ်အရွယ် သူမရဲ့ခင်ပွန်းလောင်းဟာ ၂၀၁၅ သြဂုတ်လတုန်းက စေ့စပ်ခဲ့တာ ဖြစ်ပြီး သူမမှာ ကိုယ်ဝန်ရှိနေကြောင်းကိုတော့ မတ်လမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ