International Celebrity: ဘီယွန်းဆေးရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ နောက်ဆုံးရှိုးမှာ ဂျေဇီးနဲ့ဆရီနာဝီလျံတို့လည်း ပါဝင်ဖျော်ဖြေ

play

 

ဘီယွန်းဆေးရဲ့ Formation World Tour ကမ္ဘာ့လှည့်ဖျော်ဖြေရေးခရီးစဉ် နောက်ဆုံးရှိုးကို သောကြာညက နယူးဂျာစီပြည်နယ်ရှိ MetLife အားကစားရုံမှာ ပြုလုပ်ခဲ့ပါတယ်။

play

 

နောက်ဆုံးရှိုးဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူ ဂျေဇီးကလည်း ဖျော်ဖြေတာမဆန်းပါဘူး။ ဒါပေမဲ့ တင်းနစ်အကျော်အမော် ဆရီနာဝီလျံကပါ စင်ပေါ်မှာဖျော်ဖြေသွားတော့ ပရိသတ်တွေ အားရကျေနပ်ခဲ့ရပါတယ်။

play

 

ဆရီနာက အနက်ရောင်အင်္ကျီကို ပြိုးပြက်တဲ့စိန်ပွင့်လေးတွေစီထားတဲ့ အသားကပ်ဘောင်းဘီကိုဝတ်ကာ အလန်းစားစတိုင်နဲ့ပါ။ စင်ပေါ်မတက်မီကလည်း Formation Tour စာတမ်းပါ ဂျင်းဂျက်ကတ်နဲ့ပုံကို အင်စတာဂရမ်ပေါ် တင်ခဲ့ပါသေးတယ်။ သူမက  တင်းနစ်ကွင်းသာမက ရှိုးပွဲစင်မြင့်မှာလည်း အမှားအယွင်းမရှိ အောင်မြင်အောင် တင်ဆက်သွားခဲ့ပါတယ်။

play

 

အဝါရောင်နဲ့ ရွှေရောင်ကို အဓိကဝတ်ဆင်ထားတဲ့ ဘီယွန်းဆေးက ပရိသတ်တွေကို အကအလှတွေနဲ့ အားပါးတရ တင်ဆက်ခဲ့သလို ယခင်ပွဲတွေထက်လည်း ပိုပြီးလှနေခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ