AD
AD
AD
play

 

ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်မင်းသမီးလေး ဇန်ဒါရာက သူမရဲ့ ကိုယ်ပိုင်အက်ပလီကေးရှင်းကို ထုတ်တော့မှာပါ။ သူမရဲ့ စတိုင်တွေ၊ သရုပ်ဆောင်ဟန်ပန်တွေကိုလည်း အက်ပလီကေးရှင်းထဲမှာ မြင်ရဖို့ရှိပါတယ်။

play

 

အောက်တိုဘာ ၆ ရက်နေ့က သူမရဲ့အက်ပလီကေးရှင်းထဲက စိတ်ကူးအကြံဉာဏ်အချို့ရဲ့ ဗီဒီယိုကို YouTube ပေါ်မှာ တင်ခဲ့ပါတယ်။ ဇန်ဒါရာရဲ့ ဓာတ်ပုံရိုက်ကွင်းတွေ၊ ဖျော်ဖြေပွဲနောက်ကွယ်က အရာတွေနဲ့ အကတွေအပြင် သူမရဲ့လုပ်ဆောင်သမျှအရာတွေကို ပြသထားတာတွေ့ရပါတယ်။

play

 

စတင်ဖြန့်ချိမယ့်ရက်ကိုတော့ မပြောသေးပါဘူး။ ဇန်ဒါရာရဲ့ အင်စတာဂရမ်ပေါ်က ပရိသတ် ၃၂.၇ သန်းလောက်ကတော့ ဒါကို စိတ်ဝင်စားကြမှာသေချာပါတယ်။

Source : Celebuzz

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD