play

 

အသက် ၂၂ နှစ်အရွယ် ဂျက်စတင်ဘီဘာဟာ ဆံပင်အတုနဲ့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးအတု တပ်ထားပြီး နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ လျှောက်သွားနေတာကို အောက်တိုဘာလ ၇ ရက်က တွေ့လိုက်ရပါတယ်။

play

 

ဒါပေမဲ့လည်း စပ်ဖြဲဖြဲ ပြောင်ချော်ချော်ပုံပေါက်နေတဲ့ သူ့ပုံစံက လူသတိထားမိစရာ ပိုဖြစ်နေပါတယ်။

play

 

ကြည့်ရတာ ဂျေဘီဟာ ကော်ဖီကို အေးအေးဆေးဆေးသောက်ချင်တာတစ်ခုပဲ ရှိပုံရပါတယ်။

သူသောက်ချင်တဲ့ ကော်ဖီရပြီးတဲ့နောက် သူ့ပုံစံက ယုတ္တိရှိမရှိ စစ်ဆေးချင်စိတ်ကို ထိန်းမရခဲ့ပါဘူး။

play

 

"ဟေး..ဒါအစစ်နဲ့မတူဘူးလား" လို့ သူက လမ်းမှာတွေ့တဲ့ မိန်းကလေးတွေကို လှမ်းမေးနေပါသေးတယ်။ ဂျေဘီရဲ့ဘော်ဒီဂတ်က သူ့ရဲ့နောက်ကနေ ကပ်လိုက်လာတာကို တွေ့ရပါတယ်။

Source & Photos : ET

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video