International Celebrity: အလုပ်ရှုပ်လွန်းလို့ လူမှုဆက်ဆံရေးမရှိဘူးလို့ ဆိုတဲ့ ဗစ်တိုးရီးယား

သူမရဲ့အလုပ်တွေကတစ်ဖက် ကလေးတွေကတစ်ဖက်နဲ့ အရမ်းအလုပ်ရှုပ်တဲ့သူပါ။

play

 

မိသားစုနဲ့တင် အလုပ်အရမ်းရှုပ်လွန်းတဲ့အတွက် လူမှုဆက်ဆံရေးတွေ မရှိဘူးလို့ ဗစ်တိုးရီးဘက်ခမ်းက ဖွင့်ဟပြောကြားခဲ့ပါတယ်။

Spice Girl အဖွဲ့ဝင်ကနေ ဖက်ရှင်ဒီဇိုင်နာ ဖြစ်လာတဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းနဲ့ အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်း၊ အသက် ၁၄ နှစ်အရွယ် ရိုမီယို၊ အသက် ၁၁ နှစ်အရွယ် ခရုစ်နဲ့ အသက် ၅ နှစ်အရွယ် သမီးလေး ဟာပါဆိုတဲ့ သားသမီး ၄ ယောက်ရှိပါတယ်။

play

 

"ကျွန်မမှာ လူမှုဆက်ဆံရေးမရှိဘူး။ ကျွန်မကလေး ၄ ယောက်နဲ့ ဒေးဗစ်က ကျွန်မအတွက် ပထမဦးစားပေးပဲ။ သူတို့ကစားပွဲရှိရင် ဒါမှမဟုတ် မိဘဆရာတွေ့ဆုံပွဲရှိရင် ကျွန်မအမြဲသွားတယ်" လို့ ဗစ်တိုးရီးယားက ဆိုသည်။

"ဒေးဗစ်နဲ့ ကျွန်မက နှစ်ယောက်စလုံး အိမ်မှာမရှိဘူးဆိုတာ ဖြစ်ခဲတယ်။ အိမ်စာတွေ ကူလုပ်ရတယ်။ ရေချိုးချိန်နဲ့ အိပ်ရာဝင်ချိန်မှာ ရှိပေးရတယ်။ နေ့တိုင်း ဟာပါကို ကျောင်းလိုက်ပို့တယ်" လို့ သူမက ရှင်းပြခဲ့ပါတယ်။

ှSource & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ