International Celebrity: ဆိုရှယ်မီဒီယာမသုံးတဲ့အတွက် ကင်မ်ကာဒါရှီယန် ဝင်ငွေ တစ်လ ဒေါ်လာ တစ်သန်း လျော့နည်းဖွယ်ရှိ

ဓားပြတိုက်ခံရပြီးတဲ့နောက် ဆိုရှယ်မီဒီယာကို မသုံးဘဲ နားထားပါတယ်။

play

 

ပါရီမှာ ဓားပြတိုက်ခံရတဲ့အတွက် တုန်လှုပ်ခြောက်ခြားခဲ့တဲ့ ကင်မ်ကာဒါရှီယန်ဟာ ဆိုရှယ်မီဒီယာ မသုံးသလို အလုပ်တွေကိုလည်း ရပ်ထားတဲ့အတွက် အနည်းဆုံး ဒေါ်လာ တစ်သန်း ဆုံးရှုံးနိုင်တယ်လို့ နာမည်ကျော်တွေရဲ့ ဘဏ္ဍာရေးအကြံပေးတစ်ဦးက ပြောကြားခဲ့ပါတယ်။

play
အရင်လို ပေါ်ပေါ်ထင်ထင် မသွားတော့တဲ့ ကင်မ်ကာဒါရှီယန်

 

"ကင်မ်က သာမန်ပို့စ်တွေနဲ့တင် တစ်လကို အနည်းဆုံး ဒေါ်လာတစ်သန်း ဝင်ငွေရှိတယ်။ အဲဒီထဲမှာ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်တာ မပါသေးဘူး" လို့ ဘဏ္ဍာရေးအကြံပေး ဆမ်မြူရယ်ရက်ဒ်က ပြောကြားခဲ့သည်။

"ဒါပေမဲ့ သူ ခဏလောက် ဘာမှမတင်ဘဲ ရပ်ပြီး ပထမဆုံးတင်လိုက်တဲ့ ပို့စ်က အရမ်းကို ကြည့်ရှုသူများပြီး Follower တွေလည်း ပိုတက်လာမယ်လို့ ထင်တယ်" လို့ သူက ဆိုသည်။

play

 

"ဒီဖြစ်ရပ်က တကယ်တော့ သူ့ကို ကူညီသလိုဖြစ်သွားနိုင်တယ်။ သူမအတွက် တကယ့်ကို ငွေတွေအများကြီး ဝင်လာနိုင်တယ်လို့ ထင်တယ်" လို့ သူက တွေးဆပြောကြားခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ