International Celebrity: အလုပ်တွေမအားလို့ မွေးနေ့ကို ပရိုမိုးရှင်းလုပ်ရင်း ဖြတ်သန်းလိုက်ရတဲ့ မတ်ဒေမွန်

ပြုံးပြုံးပျော်ပျော်နဲ့ပဲ အလုပ်တွေ လုပ်နေခဲ့ပါတယ်။

play

 

ဟောလိဝုဒ်မင်းသားကြီး မတ်ဒေမွန်ဟာ စနေနေ့မှာကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ကို အထူးတလည်ကျင်းပဖို့ရာ မအားလပ်ခဲ့ပါဘူး။ ဇာတ်ကားသစ်ပရိုမိုးရှင်းအတွက်နဲ့ အလုပ်များနေခဲ့ရပါတယ်။

play

 

အသက် ၄၆ နှစ် ပြည့်တဲ့နေ့မှာ New York Comic Con နဲ့အတူ The Great Wall ဇာတ်ကားအတွက် ပရိုမိုးရှင်းပွဲကို ရောက်ရှိနေခဲ့တာပါ။ ပိုလိုရှပ်အနက်ရောင်ကို ဂျင်းဘောင်းဘီတစ်ထည်နဲ့ သပ်ရပ်စွာတွဲဝတ်ထားကာ ပြုံးပြုံးပျော်ပျော်နဲ့ပဲ အလုပ်တွေ လုပ်နေခဲ့တာဖြစ်ပါတယ်။

play

 

The Great Wall ဇာတ်ကားကို တရုတ်ဒါရိုက်တာ ကျန်ယီမုက ရိုက်ကူးထားပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ