play

 

အောက်တိုဘာလ ၈ ရက်နေ့ညက Colosseum at Caesars Palace ကဇာတ်ရုံမှာ စလင်းဒီယွန် သီဆို ဖျော်ဖြေခဲ့ပါတယ်။

သီဆိုဖျော်ဖြေရင်း စိတ်လှုပ်ရှားနေတဲ့ စလင်းဒီယွန်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည်က သူမဆီကို နေ့စဉ်လာကြောင်းလည်း ယင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

play

 

ဖခင်ဖြစ်သူ သေဆုံးခဲ့တဲ့ ဗီးဂက်စ်မှာရှိတဲ့ အိမ်ကို ပြန်ရောက်တော့ သူမရဲ့သားတွေက ပိုပြီး နေသာထိုင်သာရှိသွားကြပြီး သူမအနေနဲ့လည်း သူမဘေးမှာ ခင်ပွန်းရဲ့ဝိညာဉ်ရှိနေတယ်လို့ ခံစားရဆဲဖြစ်ကြောင်း စလင်းဒီယွန်က ရင်ဖွင့်ခဲ့တာပါ။

play

 

"ကျွန်မ ချစ်ရတဲ့ ခင်ပွန်းဟာ ဒီည ကျွန်မတို့နဲ့အတူ ဒီမှာရှိနေပါတယ်။ ကျွန်မသေချာပေါက်သိတယ်" လို့ စလင်းဒီယွန်က ပရိသတ်ကြီးကို အော်ပြောခဲ့ပါသေးတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video