International Celebrity: ဘယ်လာဟက်ဒီးကို မိခင်နဲ့ အစ်မက ငယ်စဉ်က ဓာတ်ပုံတွေနဲ့ မွေးနေ့ဆုတောင်းပေခဲ့

သူငယ်ချင်းမိတ်ဆွေတွေကလည်း ဆုတောင်းပေးခဲ့ကြပါတယ်။

play

 

ဘယ်လာဟက်ဒီးဟာ အောက်တိုဘာလ ၁၀ ရက်နေ့မှာ အသက် ၂၀ ပြည့်သွားခဲ့ပါတယ်။

ဘယ်လာကို အကောင်းဆုံးမွေးနေ့ဆုတောင်းပေးခဲ့ကြသူတွေထဲမှာ မိခင် ယိုလန်ဒါဟက်ဒီး၊ အစ်မဖြစ်သူ စူပါမော်ဒယ် ဂျီဂျီဟက်ဒီး၊ သူငယ်ချင်းများဖြစ်တဲ့ ကိုင်လီဂျန်နာနဲ့ နာအိုမီကန်ဘဲလ်တို့လည်း ပါဝင်ပါတယ်။

play

 

မွေးနေ့မနက်စောစောမှာပဲ သူမဟာ မိခင် ယိုလန်ဒါဟက်ဒီးက နို့စို့အရွယ်သူမကို ချီထားတဲ့ အဖြူအမည်းပုံကိုတင်ရင်း မိခင်ကို ချစ်ခင်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ယိုလန်ဒါကလည်း ဓာတ်ပုံဟောင်းလေးတစ်ပုံကို တင်ရင်း "သမီးလုပ်သမျှ အရာအားလုံးအတွက် အရမ်းဂုဏ်ယူတယ်။ သမီးဟာ အမေ့ရဲ့အရာရာပါ။ ချစ်တယ် အမေ့ရဲ့မွေးနေ့ရှင်သမီးလေး" ဟု ယိုလန်ဒါက ပုံအောက်မှာ ရေးထားပါတယ်။

play

 

သူမရဲ့အစ်မ ဂျီဂျီဟက်ဒီးကလည်း ငယ်စဉ်က နှစ်ယောက်သား ဝရံတာမှာ လေ့ကျင့်ခန်းလုပ်နေတဲ့ ချစ်စရာပုံလေးကို တင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

play

 

ကိုင်လီဂျန်နာနဲ့ နာအိုမီကန်ဘဲလ်တို့ကလည်း သူတို့နဲ့အတူ ရိုက်ကူးထားတဲ့ ဘယ်လာရဲ့ပုံကို အင်စတာဂရမ်မှာတင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ