International Celebrity: နှာခေါင်းမှာ အပေါက်ဖောက်လိုက်တဲ့ ဘယ်လာသွန်း

နာကျင်ခဲ့တဲ့ သူမရဲ့အတွေ့အကြုံကို ပရိသတ်တွေကို ဝေမျှခဲ့ပါတယ်။

play

 

ဘယ်လာသွန်းဟာ သူမရဲ့ ၁၉ နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် လော့ဆန်းဂျလိစ်မှာ နှာခေါင်းခလယ်နေရာကို အပေါက်ဖောက်နေခဲ့ပါတယ်။

သူမဟာ အောက်တိုဘာလ ၈ ရက်မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ သူငယ်ချင်းတွေ၊ ချစ်သူသစ် တိုင်လာပေါ့ဆေးတို့နဲ့အတူ အချိန်ကုန်စေခဲ့ပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ် မင်းသား တိုင်လာပေါ့ဆေးဟာ အိပ်ရာထဲမှာ ခွေးလေးနဲ့ သူတို့နှစ်ယောက် အိပ်နေကြတဲ့ ကြည်နူးစရာကောင်းတဲ့ပုံလေးကို တင်ရင်း ချစ်သူကို မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

play

 

ဘယ်လာဟက်ဒီးဟာ တစ်နှစ်တာ တွဲခဲ့တဲ့ ရည်းစား ဂရက်ဂ်ျဆယ်လ်ကင်နဲ့ သြဂုတ်လက ပြတ်သွားခဲ့ပြီး တိုင်လာကတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ အကြာကြီးတွဲလာခဲ့တဲ့ ရည်းစား ရှောင်နာနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပြီးနောက် တစ်ခါမှ အတည်မတွဲခဲ့ဖူးသေးပါဘူး။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ