International Celebrity: ဆောင်းဟေကိုမှာ စပွန်ဆာရှိကြောင်း စွပ်စွဲတဲ့အမျိုးသားကို တရားရုံးက ဝမ်သုံးသန်းဒဏ်ရိုက်

နိုင်ငံရေးသမားနဲ့ စွပ်စွဲခဲ့တာပါ။

play

 

တောင်ကိုရီးယားမင်းသမီးချော ဆောင်းဟေကိုဟာ နာမည်ကျော်ကြားတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ စပွန်ဆာအဖြစ် ရယူထားကြောင်း စွပ်စွဲခဲ့တဲ့ အမျိုးသားကို တရားရုံးက ဝမ် ၃ သန်း ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

မစ္စတာစွန်းအမည်ရှိ အမျိုးသားက ဆောင်းဟေကိုဟာ Saenui ပါတီဝင် နိုင်ငံရေးသမားတစ်ဦးထံက စပွန်ဆာ (ထောက်ပံ့မှု)ကို ဇန်နဝါရီကနေ မေလအထိ ရယူခဲ့တယ်လို့ ပြောခဲ့တာပါ။ သူဝေဖန်မိသူက နိုင်ငံရေးသမားလည်းဖြစ်နေတော့ မစ္စတာစွန်းဟာ ရုံးတော်မှာ စစ်ဆေးခံလိုက်ရပါတယ်။

play

 

အောက်တိုအာ ၉ ရက်နေ့မှာတော့ မစ္စတာစွန်းရဲ့ မဟုတ်မမှန်ပြောဆိုမှုအတွက် ကိုရီးယားငွေ ဝမ် ၃ သန်း (ကန်ဒေါ်လာ ၂၇၀၀) ခန့် ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ