International Celebrity: တော်ဝင်ရေတပ်နဲ့အတူ ခရီးကြမ်းပြေးပွဲဝင်နွှဲခဲ့တဲ့ ဟင်နရီကဗီးလ်

, updated

ဒါကြောင့်မို့လို့လည်း ခုလို တောင့်တင်းသန်မာတဲ့ ကိုယ်ခန္ဓာကို ရရှိထားတာဖြစ်ပါလိမ့်မယ်။

play

 

Man of Steel မင်းသားကြီး ဟင်နရီကဗီးလ်ဟာ စူပါမန်းအဖြစ် သရုပ်ဆောင်ရာမှာ သရုပ်ဆောာင်ပိုင်းသာမက တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကြောင့်လည်း ပရိသတ်အားပေးမှုကို ရရှိထားသူပါ။ Justice League မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက်လည်း နေ့စဉ်မပျက် လေ့ကျင့်ခန်းလုပ်ကာ ပြင်ဆင်နေပါတယ်။

play

 

တနင်္ဂနွေနေ့တုန်းကတော့ တော်ဝင်ရေတပ်က တပ်သားတွေနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ အပြေးပြိုင်ပွဲတစ်ခု ဝင်နွှဲခဲ့ပါတယ်။ ပရဟိတရန်ပုံငွေအတွက် စစ်သားတွေရဲ့ လေ့ကျင့်ရေးတွေအတိုင်း ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

play

 

ပြိုင်ပွဲမှာ လှေကားတက်ရတာတွေ၊ ရွှံ့နွံထဲမှာ တွားသွားရတာတွေအပါအဝင် ခဲလုမတတ်အေးနေတဲ့ရေထဲမှာ ကူးခတ်ရတာတွေအပြင် အခြားခက်ခဲကြမ်းတမ်းတဲ့အရာတွေ လုပ်ဆောင်ရတာပါ။

play

 

ဒီလိုလေ့ကျင့်ခန်းမျိုးဟာ ရေတပ်သားတွေအတွက်တောင်မှ ခက်ခဲပင်ပန်းတဲ့အရာဖြစ်ပေမဲ့ ကဗီးလ်ကတော့ အဆုံးထိရောက်အောင် ပြိုင်ခဲ့ပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ