International Celebrity: ယူကရိန်းမှာမွေးတဲ့ အမေရိကန် မင်းသမီး

လူဖြူတွေနဲ့မတူဘဲ တစ်မူထူးခြားလှပတဲ့ သူမကို ဒါရိုက်တာတော်တော်များများက မင်းသမီးအဖြစ် မျက်စိကျလေ့ရှိပါတယ်။

play


အမေရိကန်မင်းသမီး မီလာကူးနစ်ဟာ ယူကရိန်းမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး သူမရဲ့မိခင်က ကျောင်းဆရာမဖြစ်ကာ ဖခင်ကတော့ ကားမောင်းသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၉နှစ်အရွယ်မှာ သရုပ်ဆောင်သင်တန်း စတင်တက်ရောက်ခဲ့ပြီး ကြိုးစားခဲ့တဲ့ သူမဟာ ၁၉၉၅ ခုနှစ်မှာတော့ Piranha ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

play


လူဖြူတွေနဲ့မတူဘဲ တစ်မူထူးခြားလှပတဲ့ သူမကို ဒါရိုက်တာတော်တော်များများက မင်းသမီးအဖြစ် မျက်စိကျလေ့ရှိကာ သရုပ်ဆောင်ပိုင်းလည်း မခေသူမို့ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကား အများအပြားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရလာခဲ့ပါတယ်။

play


၂၀၁၁ ခုနှစ်မှာတော့ လူငယ်ဟာသဇာတ်မြူး Friends with Benefits ဇာတ်ကားမှာတော့ အဆိုတော် မင်းသားချော ဂျက်စတင် တင်ဘာလိတ်ခ်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ပိုမိုနာမည်ကြီး အောင်မြင်လာခဲ့ပြန်ပါတယ်။

play


Ted, Oz the Great and Powerful နဲ့ Jupiter Ascending ရုပ်ရှင်ဇာတ်ကားတွေဟာလည်း သူမရဲ့အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။

play


၂၀၁၆ ဇူလိုင်လဆန်းမှာတော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Bad Moms ဟာသဇာတ်ကား ထွက်ရှိလာခဲ့ပါတယ်။ အနုပညာထူးချွန်ဆု အများအပြား ပိုင်ဆိုင်ထားတဲ့သူမဟာ မင်းသားချော အက်ရှ်တန်နဲ့ ၂၀၁၄ မှာ တရားဝင်လက်ထပ်ခဲ့ပြီး ၂၀၁၄ အောက်တိုဘာမှာ သမီးလေးတစ်ဦး မွေးဖွားပိုင်ဆိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ