International Celebrity: ထောက်လှမ်းရေးသမားတွေ ငှားရမ်းပြီး သံချပ်ကာကားပဲ စီးတော့တဲ့ ကင်မ်ကာဒါရှီယန်

အနည်းဆုံး ဘော်ဒီဂတ်နှစ်ယောက်က သူမနဲ့အတူ အမြဲရှိနေမှာ ဖြစ်ပါတယ်။

play

 

ပါရီမြို့မှာ သေနတ်နဲ့ထောက် ဓားပြတိုက်ခံခဲ့ရပြီးတဲ့နောက် ကင်မ်ကာဒါရှီယန်ဟာ သူမရဲ့လုံခြုံရေးကို မြှင့်တင်လိုက်ပြီး အမေရိကန် ထောက်လှမ်းရေးအဖွဲ့က အဖွဲ့ဝင်ဟောင်းတွေကိုတောင် ငှားရမ်းလိုက်ပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ကင်မ်ဟာ ဓားပြ ၅ ဦးက ကြိုးနဲ့တုပ်ပြီး ရေချိုးခန်းထဲမှာထည့်ထားတာကို ခံရပြီးတဲ့နောက် လုံခြုံရေးအတွက် ငွေကြေးချွေတာဖို့ မစဉ်းစားနိုင်တော့ပါဘူး။

play

 

အခုကစပြီး ကင်မ်ကာဒါရှီယန်ဟာ သံချပ်ကာကားနဲ့ပဲ သွားမည်ဖြစ်ကာ အနည်းဆုံး ဘော်ဒီဂတ်နှစ်ယောက်က အနားမှာ အမြဲရှိနေတယ်လို့ TMZ မှာ ဖော်ပြထားပါတယ်။

play

 

သူမဟာ အစ္စရေးစစ်တပ်အရာရှိများ၊ စီအိုင်အေစုံထောက်များနဲ့ ထောက်လှမ်းရေးအဖွဲ့ဝင်တို့နဲ့ တွေ့ဆုံခဲ့ပြီး သူမရဲ့ခင်ပွန်း ရက်ပါ ကာညေးဝက်စ်က ထိပ်တန်းလုံခြုံရေးကုမ္ပဏီ ၂ ခုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ယင်းတွေ့ဆုံမှုမှာ ကင်မ်ရဲ့မိခင် ခရစ္စဂျန်နာလည်း ပါဝင်ခဲ့ပြီး သူမရဲ့သမီးတွေဖြစ်တဲ့ ကော့တနီကာဒါရှီယန်၊ ကလိုဝီကာဒါရှီယန်၊ ကန်ဒဲလ်ဂျန်နာနဲ့ ကိုင်လီဂျန်နာတို့အတွက်လည်း ဘော်ဒီဂတ်တွေ ထပ်ပြီး ငှားရမ်းဖို့ စီစဉ်နေပါတယ်။

Source &  Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ