International Celebrity: အိပ်မှုန်စုတ်မွှားနဲ့ နယူးယော့ခ်မြို့ထဲ လျှောက်သွားနေတဲ့ ကာရာဒယ်လဗင်း

နာမည်ကြီး စူပါမော်ဒယ်ဖြစ်ပေမဲ့ အလှအပကို အမြဲတမ်း ဂရုစိုက်မနေပါဘူး

play

 

ကာရာဒယ်လဗင်းဟာ ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ကုမ္ပဏီတွေ၊ အလှအပကုမ္ပဏီတွေနဲ့ စာချုပ်တွေချုပ်ထားရတဲ့ စူပါမော်ဒယ် ဖြစ်ပါတယ်။

play

 

ဘီလ်ဘုတ်တွေနဲ့ မဂ္ဂဇင်းတွေမှာ ဆက်စီကျကျ အမြဲလှပနေတတ်တဲ့ ကာရာဒယ်လဗင်းဟာ အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ အိပ်ရာထဲက ချက်ချင်းထလာပုံနဲ့ နယူးယော့ခ်မြို့မှာ လျှောက်သွားနေခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် စူပါမော်ဒယ်မလေးဟာ မိတ်ကပ်လုံးဝ ဝတ်မထားတဲ့အပြင် ညအိပ်ဝတ်စုံစတိုင် ထရက်စုကို ဝတ်ထားပြီး ဆံပင်ကလည်း လုံးဝဖြီးသင်ထားခြင်း မရှိပါဘူး။

play

 

အခုပုံစံဟာ သူမကိုတွေ့နေကျပုံစံဖြစ်တဲ့ အားကျလောက်တဲ့ အလှပဂေးလေးတစ်ယောက်နဲ့ လုံးဝဆန့်ကျင်နေပြီး သူမကိုယ်တိုင်ကတော့ ဘာကိုမှ ဂရုမစိုက်၊ ရှိုးတို့ရှန်းတန်းမဖြစ်ဘဲ အေးအေးလူလူ လျှောက်လှမ်းနေတာကို မြင်တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ