International Celebrity: ရီဟားနားနဲ့ ဒရိတ်ခ်တို့ ပြတ်သွားကြပြန်ပြီ

ဒရိတ်ခ်က ရည်းစားသစ်ရနေပြီလို့ ဆိုပါတယ်။

play

တက်တူးအတူ ထိုးခဲ့ကြတဲ့ သူတို့စုံတွဲဟာ အတူရှိနေဖို့တော့ ဆန္ဒရှိပုံမရပါဘူး။

ဒရိတ်ခ်နဲ့ ရီဟားနားဟာ ပြတ်သွားကြပြီဖြစ်ပြီး ဒရိတ်ခ်က ရည်းစားသစ်တောင်ရနေပြီလို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် ကနေဒီယမ် ရက်ပါနဲ့ အသက် ၂၈ နှစ်အရွယ် အဆိုတော်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းက ပြီးဆုံးသွားပြီဖြစ်ကြောင်း E! Online က ပြောထားပါတယ်။

play
ငါးမန်းပုံ တက်တူးကို ဒရိတ်ခ်ရဲ့လက်ဖျံမှာ ထိုးခဲ့ပြီး ရီဟားနားက ခြေခုံပေါ်မှာ ထိုးခဲ့တာ ဖြစ်ပါတယ်။

 

ဒရိတ်ခ်ဟာ ရီဟားနားအပေါ် ချစ်မြတ်နိုးကြောင်း သြဂုတ်လတုန်းက MTV ဂီတဆုပေးပွဲမှာ လူသိရှင်ကြား ပြောကြားခဲ့ပြီး တက်တူးဆင်တူထိုးထားတာကိုလည်း ပြသခဲ့ပေမဲ့ အခုတော့ ကိုယ်လမ်းကိုယ် ဆက်လျှောက်နေကြပြီလို့ ဆိုပါတယ်။

play

 

သူတို့ရဲ့အချစ်ဟာ နက်နဲတဲ့ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာဖို့ မလုံလောက်လို့ပါလို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

"အခုချိန်မှာ ရီဟားနားနဲ့ ဒရိတ်ခ်က တခြားသူတွေနဲ့ တွဲနေပါပြီ။ သူတို့နှစ်ယောက် သီးသန့်တွဲတာမျိုးမဟုတ်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က ချစ်နေတုန်းပါ။ ဒါပေမဲ့ သူတို့ရဲ့အစီအစဉ်တွေက နှစ်ယောက်ကြားမှာ ခံနေတယ်" လို့ ယင်းသတင်းပေးက ပြောခဲ့ပါတယ်။

play
ဒရိတ်ခ်နဲ့ ကြိုက်နေတယ်လို့ သတင်းထွက်နေတဲ့ India Westbrooks

 

ဒါဟာ သူတို့နှစ်ယောက် ပြတ်တာ ပထမဆုံးအကြိမ်မဟုတ်တဲ့အတွက် နောက်ဆုံးအကြိမ်လည်း ဖြစ်ချင်မှဖြစ်မယ်လို့ ထိုလူက ပြောသွားပါတယ်။

Source & Photos : Dailly Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ