International Celebrity: ယဉ်ယဉ်လေးလှရမယ့်အစား ဂွမ်းသွားရတဲ့ အေမီအဒမ်ရဲ့ဝတ်စုံ

ဝတ်စုံလေးကတော့ လှပါရဲ့ အနေအထိုင်မတတ်တော့ ပုံပျက်သွားတာပေါ့။

play

 

စူပါမန်းရဲ့ချစ်သူ လူးဝစ္စလိန်းအဖြစ်နဲ့ လူကြိုက်များတဲ့ သရုပ်ဆောင် အေမီအဒမ်ဟာ ဇာတ်ကားသစ်အထူးပွဲကို တက်ရောက်ခဲ့စဉ်က ဝတ်ခဲ့တဲ့ဝတ်စုံကြောင့် လူတွေလှောင်စရာဖြစ်ခဲ့ရပါတယ်။

play

 

တကယ်တမ်း သူမ ဝတ်ဆင်ခဲ့တာက ရိုးရိုးလေးနဲ့ လှတဲ့ဝတ်စုံပါ။ ဒါပေမဲ့ အောက်မှာ အတွင်းခံဝတ်မလာတော့ အင်္ကျီက ပုံမကျဘဲ ကြည့်မကောင်းဖြစ်သွားပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Arrival ဇာတ်ကား အထူးပွဲကို တက်ရောက်စဉ်က ဝတ်ခဲ့တာပါ။

play

 

တနင်္လာညက လန်ဒန်မှာပြုလုပ်နေတဲ့ ဗြိတိန်ရုပ်ရှင်ပွဲတော်ကို အေမီက အဖြူရောင်လေးဝတ်လာခဲ့ပါတယ်။ ခြေမျက်စိထိ ဖုံးထားတဲ့ဂါဝန်ရှည်က လိပ်ပြာကြီးတစ်ကောင်နဲ့ဆိုတော့ လှပတဲ့ဝတ်စုံလို့ ပြောရမှာပါပဲ။

play

 

ဘရာမပါတဲ့အေမီက ကိုယ်နေဟန်ထားပုံ စမတ်မကျခဲ့တာကြောင့်လည်း မပေါ်သင့်တာတွေပေါ်ခဲ့ကာ လူတွေရယ်စရာဖြစ်ခဲ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ