International Celebrity: ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပေမဲ့ ထောင်ဒဏ်ချခံလိုက်ရတဲ့ ရှိုင်းလင်းဝုဒ်လေ

ဆန္ဒပြနေစဉ်မှာလည်း သူမရဲ့ဖေ့စ်ဘွတ်ကနေ တိုက်ရိုက်လွှင့်ခဲ့ပါတယ်။

play

 

အမေရိကန်မင်းသမီး ရှိုင်းလင်းဝုဒ်လေဟာ အမေရိကန်ပြည်ထောင်စု၊ မြောက်ပိုင်းဒါကိုတာမှာ တည်ဆောက်နေတဲ့ ပိုက်လိုင်းစီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုနဲ့ ဖမ်းဆီးထောင်ချခံရလိုက်ရပါတယ်။

play

 

အောက်တိုဘာ ၁၀ ရက်နေ့က မြောက်ပိုင်းဒါကိုတာပြည်နယ်၊ Sioux County မှာ ဆောက်လုပ်နေတဲ့ Dakota Access ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းကို ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် အဖမ်းခံရခဲ့ရတာပါ။ 

play

 

ယင်းဆန္ဒပြပွဲမှာ လူ ၂၀၀ ခန့် ပါဝင်ခဲ့ပြီး ရှိုင်းလင်းအပါအဝင် လူ ၂၇ ဦးအား ဆူပူရန်လှုံ့ဆော်မှုအပါအဝင် စွဲချက်တွေနဲ့ ဖမ်းဆီးကာ Morton Country ထောင်မှာ အကျဉ်းချလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ရှိုင်းလင်းကို ထောင်ကနေ လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ရှိုင်းလင်းဟာ Divergent ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ ပါဝင်ပြီး နာမည်ရလာခဲ့သူဖြစ်ပါတယ်။

Source : E!

ရှိုင်းလင်းဝုဒ်လေရဲ့ဗီဒီယို

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ