International Celebrity: ဘရတ်ပစ်နဲ့ ဂျိုလီ ကိုယ်ချင်းဆက်ရုပ်တု အွန်လိုင်းမှာ ရောင်းချ

eBay မှာ ပေါင် တစ်သောင်းကျော် (ဒေါ်လာ ၁၂,၀၀၀ ကျော်) နဲ့ ဝယ်ယူနိုင်ပါတယ်။

play

 

အန်ဂျလီနာဂျိုလီနဲ့ ဘရတ်ပစ်တို့ရဲ့ ကိုယ်လုံးတီး ဖယောင်းရုပ်တုကို eBay မှာ ရောင်းချနေပါပြီ။

ယင်းကိုယ်ချင်းဆက်ရုပ်တုအတွက် လေလံက ပေါင် ၃,၅၀၀ နဲ့ စခေါ်ထားတာဖြစ်ပြီး ဘရတ်ပစ်နဲ့ ဂျိုလီတို့ လမ်းခွဲလိုက်ခြင်းအပေါ်

ဝမ်းနည်းပက်လက်ဖြစ်နေသူတွေအတွက် ရည်ရွယ်ထုတ်လုပ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ယင်းရုပ်တုဟာ ဖက်ရှင်ရုပ်တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖယောင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး လူ့ဆံပင်အစစ်နဲ့ ဖန်မျက်လုံးတွေကို သုံးထားတယ်လို့ ရောင်းချသူက ဆိုပါတယ်။

ဒါပေမဲ့ ဘရန်ဂျလီနာရုပ်တုရဲ့အမြင့်က ၃ ပေကျော်ကျော်သာ ရှိတဲ့အတွက် သူတို့ရဲ့မူရင်းအရပ်နဲ့တော့ တော်တော်လေး ကွာနေပါတယ်။

ကမ္ဘာကျော်ဆယ်လီနှစ်ဦး လမ်းခွဲခြင်းအထိမ်းအမှတ်အဖြစ် ပြုလုပ်ထားတဲ့ ဒီရုပ်တုကို ပေါင် တစ်သောင်းထက်တော့ လျှော့ပြီး

မရောင်းဘူးလို့  ရောင်းချသူ Barneymarco က ဆိုပါတယ်။

ဘရတ်ပစ်နဲ့ ဂျိုလီတို့ရဲ့ကိုယ်ချင်းဆက် ကိုယ်လုံးတီးရုပ်တုကို ကြည့်ရှုရန်

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ