International Celebrity: အခုရည်းစားလောက် ပျော်ရွှင်မှုပေးနိုင်သူမရှိဘူးလို့ ဆိုလိုက်တဲ့ ဘယ်လာသွန်း

ပြီးခဲ့တဲ့လကမှ ရည်းစားဟောင်းနဲ့ ပြတ်သွားခဲ့တာပါ။

play

 

ရည်းစား ဂျရက်ဒ်ဆက်ကင်နဲ့ ပြီးခဲ့တဲ့လကမှ ပြတ်သွားခဲ့တဲ့ ဘယ်လာသွန်းဟာ အခုတော့ အချစ်သစ်နဲ့ ပျော်နေပြီဆိုတာ အားလုံးသိအောင် ကြေညာလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ဟောလိဝုဒ်မင်းသမီးလေးဟာ ချစ်သူသစ် တိုင်လာပေါ့ဆေးနဲ့ အတူ ရိုက်ကူးထားတဲ့ နောက်ထပ်ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်ကနေ မျှဝေလိုက်တာ ဖြစ်ပါတယ်။

play

 

"ဒီလူထက် ကျွန်မကို ဘယ်အရာကမှ ပျော်ရွှင်မှုမပေးနိုင်ဘူး" လို့ နှစ်ယောက်တွဲပုံအောက်မှာ သူမက ရေးထားပါတယ်။

တနင်္ဂနွေနေ့တုန်းကလည်း မင်းသား တိုင်လာပေါ့ဆေးက နှစ်ယောက်သား ခွေးလေးတစ်ကောင်နဲ့အတူ အိပ်ရာပေါ်မှာ လဲလျောင်းနေပုံကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပါသေးတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ