International Celebrity: နှုတ်ခမ်းသေးနေရင် ဘယ်သူမှမနမ်းမှာစိုးလို့ ဆေးထိုးခဲ့ကြောင်း ကိုင်လီဂျန်နာဝန်ခံ

ကိုင်လီဂျန်နာရဲ့ မျက်နှာပေါ်က အလှဆုံးအရာဖြစ်တဲ့ နှုတ်ခမ်းတစ်စုံဟာ သဘာဝအတိုင်းလှတာမဟုတ်ပါဘူး။

play

 

Complex အတွက် အင်တာဗျူး ဖြေကြားခဲ့ရာမှာ သူမရဲ့နှုတ်ခမ်းကို fillers ဆေးထိုးခဲ့တဲ့အကြောင်းကို ကိုင်လီက ထုတ်ပြောခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု နည်းပါးလွန်းလို့ နှုတ်ခမ်းလှအောင်လုပ်ခဲ့တယ်လို့ သူမက ပြောပါတယ်။

play

အလယ်တန်းကျောင်းသူဘဝက အနမ်းခြွေဖူးတဲ့ကောင်လေးက သူမရဲ့နှုတ်ခမ်းတွေက အရမ်းသေးပေမဲ့ အနမ်းပေးတာတော်တယ်လို့ ပြောတာခံရဖူးပါသတဲ့။ ယောက်ျားလေးတွေက သူမနှုတ်ခမ်းကိုကြည့်ပြီး ဘယ်သူမှအနမ်းပေးချင်တော့မှာမဟုတ်ဘူးလို့ ခံစားမိခဲ့တယ်လို့ ကိုင်လီက ဆိုပါတယ်။

play

 

ကိုင်လီဂျန်နာရဲ့ ထူထဲဖောင်းအိတဲ့နှုတ်ခမ်းတွေဟာ ၂၀၁၄ ခုနှစ်မှာ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ အစပိုင်းမှာတော့ ငြင်းဆိုခဲ့ပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ သူမအသက် ၁၆ နှစ်မှာ နှုတ်ခမ်းကို fillers ဆေးထိုးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

Source : Complex

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ