International Celebrity: စူးရှညှို့အားပြင်းတဲ့ အကြည့်တွေနဲ့ ဂွင်းနက်သ်ပက်ထရို

ဒီလောက်ထိ လှပကျစ်လျစ်နေတယ်ဆိုတာ မယုံနိုင်စရာပါပဲ။

play

 

အော်စကာဆုရှင် မင်းသမီးကြီး ဂွင်းနက်သ်ပက်ထရိုဟာ တည်ငြိမ်တဲ့အလှကိုသာ ပိုင်ဆိုင်ရုံမက စူးရှပြီး ဆက်စီကျတဲ့အကြည့်တွေကိုလည်း ပိုင်ဆိုင်ထားသူပါ။ ဒါကို Harper's Bazaar မဂ္ဂဇင်းက ထုတ်ဖော်ပြသထားပါတယ်။

play

 

အသက် ၄၄ နှစ်အရွယ် ဂွင်းနက်သ်က ဆက်စီကျတဲ့ဝတ်စုံတွေကိုပဲ ဝတ်ထားတာတွေ့ရမှာပါ။ အပေါ်မှာတော့ ကုတ်တစ်ထည်ကို ထပ်ဝတ်ထားပေမဲ့ အကြည့်တွေကတော့ ညှို့အားအပြည့်နဲ့ပါပဲ။

play

 

ခါးတိုလေးကို ဝတ်ထားစဉ်မှာတော့ မယုံနိုင်လောက်အောင် တောင့်တင်းလှပနေတဲ့ ကြွက်သားတွေရဲ့ ဝမ်းဗိုက်ကို မြင်ရပါတယ်။ ခပ်မြင့်မြင့်ဒေါက်ကလည်း သူမကို ထက်မြက်တဲ့အမျိုးသမီးတစ်ဦးအသွင် ပေါ်လွင်စေခဲ့ပါတယ်။

Photo : Bazaar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ