International Celebrity: ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ဟစ်တလာနဲ့ ခိုင်းနှိုင်းတဲ့ ဖိလစ်ပိုင်အလှမယ် ဝေဖန်ပြစ်တင်ခံနေရ

Miss Philippines Earth 2016 မှာ ဆိုရှယ်မီဒီယာကနေ တိုက်ခိုက်ခံနေရပါတယ်။

play

 

Miss Earth-Philippines အီမယ်လ်ဒါဘူတစ္စတာရှဝိတ်ဟာ့တ်က ဖေ့စ်ဘွတ်မှာတင်တဲ့ Live ဗီဒီယိုတစ်ခုမှာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးကို အဒေါ့ဖ်ဟစ်တလာနဲ့ နှိုင်းယှဉ်ပြောကြားခဲ့တဲ့အတွက် ဆိုရှယ်မီဒီယာပေါ်ကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့ပါတယ်။

play

 

သူမနဲ့ Miss Earth သြစတြီးယား ၂၀၁၆ တို့နှစ်ဦးဟာ ယင်းဗီဒီယိုထဲမှာ စကားပြောနေကြစဉ် ဟစ်တလာက သြစတြီးယားက မဟုတ်လားလို့ ရှဝိတ်ဟာ့တ်က မစ္စသြစတြီးယားကို မေးမြန်းခဲ့ပါတယ်။

play

 

"ဒီမေးခွန်းက ဆိုးပါတယ်။ ကျွန်မတို့ဟာ ဟစ်တလာအကြောင်း ပြောလေ့မရှိဘူး။ ဒါပေမဲ့ ဟုတ်ပါတယ်။ သူက သြစတြီးယားကပါ" လို့ မစ္စသြစတြီးယား ဘူဒင်စကီက ဖြေကြားခဲ့ပါတယ်။

play

 

ယင်းဗီဒီယိုကို ဖြုတ်ချလိုက်ပြီဖြစ်ပေမဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖြစ်တဲ့ Pageant Central ယင်းဗီဒီယိုကို ကော်ပီကူးပြီး တင်လိုက်နိုင်ခဲ့ပါတယ်။

ယင်းဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီး ယင်းညနေခင်း (အောက်တိုဘာလ ၁၁) မှာတင် ကြည့်ရှုသူ သုံးသိန်းကျော်သွားခဲ့ပါတယ်။

ဒူတာတေးကို ထောက်ခံကြသူတွေဟာ သူမရဲ့ဖေ့စ်ဘွတ်ခ်ပို့စ်တွေမှာ ဒေါသတကြီးနဲ့ ကွန်မန့်တွေရေးနေကြပါတယ်။

play

 

ရှဝိတ်ဟာ့တ်က သူမဟာ ဒူတာတေးကို ထောက်ခံသူဖြစ်ပြီး ဟစ်တလာလို့ ပြောလိုက်ခြင်းက ပေါ့ပေါ့လေးနောက်ပြောင်လိုက်ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

"ကျွန်မက ဒူတာတေးကို ထောက်ခံသူတစ်ယောက်ပါ။ သူ ပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှုတွေကို မြင်ရတာ ကျွန်မ ဘယ်လောက်သဘောကျတယ်ဆိုတာကို ကျွန်မနဲ့နေ့စဉ်စကားပြောဖြစ်သူတိုင်း သိပါတယ်။ ကျွန်မက ဂျာမန်သွေးတစ်ဝက်ပါတဲ့အတွက် သြစတြီးယားသူဖြစ်တဲ့ သူမကို ဟစ်တလာအကြောင်း မေးလိုက်တာပါ။ ဘာလို့လဲဆိုတော့ ဖိလစ်ပိုင်က သူငယ်ချင်းတွေက ကျွန်မကို ဟစ်တလာလို့ အမြဲစကြတယ်။ သူတို့က ဟစ်တလာက ဂျာမန်မဟုတ်မှန်းမသိကြဘူး။ တကယ်တော့ ဟစ်တလာက သြစတြီးယားနိုင်ငံသားပါ" လို့ သူမက ဖေ့စ်ဘွတ်မှာရေးသားပြီး ရှင်းပြခဲ့ပါတယ်။

play

 

"ဟစ်တလာက ဂျူးလူမျိုး သုံးသန်းကို သတ်ခဲ့တယ်။ အခု ဒီမှာ မူးယစ်ဆေးစွဲနေသူ သုံးသန်းရှိတယ်။ သူတို့ကို ပျော်ပျော်ကြီး သတ်ချင်တယ်" လို့ ဒူတာတေးက ပြောခဲ့ဖူးပါတယ်။

Source & Photos : GMA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ