International Celebrity: ကလေးလိုချင်လှပြီဆိုတဲ့ နီကိုးရှာဇင်ဂါ

ခင်ပွန်းရှာဖို့လိုနေပြီလို့ သူမက ဆိုလိုက်ပါတယ်။

play

 

အသက် ၃၈ နှစ်အရွယ် နီကိုးရှာဇင်ဂါဟာ အသက် ၂၅ နှစ်အရွယ် ဘူဂေးရီယန် တန်းနစ်ကစားသမား ဂရီဂေါ်ဒီမက်ထရော့ဗ်နဲ့ တွဲနေတာပါ။

play

 

"ကျွန်မ ကလေးလိုချင်လှပြီ။ ဒါပေမဲ့ ကျွန်မရဲ့ ယုံကြည်မှုကို အလေးထားတယ်။ အရင်ဆုံး ခင်ပွန်းရှာဖို့လိုတယ်။ ပြီးမှ ကလေးတွေယူမယ်" လို့ သူမရဲ့စိတ်ကူးကို နီကိုးက ပြောပြပါတယ်။

play

 

Pussycat Dolls အဖွဲ့ဝင်ဟောင်း နီကိုးဟာ ဖော်မြူလာဝမ်း ပြိုင်ကားချန်ပီယံ လူးဝစ်ဟမ်မင်တန်နဲ့လည်း ၈ နှစ် တွဲခဲ့ဖူးပေမဲ့ ပြီးခဲ့တဲ့နှစ်ကမှ ပြတ်သွားခဲ့ပါတယ်။

play

 

"ကျွန်မက အလုပ်ပေါ် အာရုံစိုက်လွန်းခဲ့တယ်။ အခုတော့ ခြေတစ်လှမ်းဆုတ်ပြီး ကျွန်မအတွက် ဘဝပန်းတိုင်တွေချဖို့ လိုနေပြီ။ ကျွန်မရဲ့ အကြီးမားဆုံး အားနည်းချက်က ချစ်တတ်ခြင်းပဲ။ အချစ်နဲ့ ပတ်သက်ရင် ကျွန်မက ငတုံးဖြစ်သလို အရူးလည်းဖြစ်တယ်" လို့ သူမက ရင်ဖွင့်ခဲ့ပါတယ်။

Source & Photos :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ