International Celebrity: ဒီဇင်ဘာမှာ အတူတွဲဖျော်ဖြေကြတော့မယ့် ဘရစ်တနေနဲ့ဘီဘာ

ဘရစ်တနေကတော့ ဘီဘာကို ဖက်နမ်းချင်တယ်လို့ ပြောထားဖူးပါတယ်။

play

 

ဂျက်စတင်ဘီဘာကို ဖက်နမ်းချင်တယ်လို့ ပြောပြီး သိပ်မကြာခင်မှာပဲ ဘရစ်တနေဟာ ဘီဘာနဲ့အတူတွဲဖျော်ဖြေရပါတော့မယ်။ လော့စ်အန်ဂျလိစ်မှာပြုလုပ်မယ့် iHeartRadio Jingle Ball မှာ ဖျော်ဖြေရမှာပါ။ ဒါကို ဘီဘာရော ဘရစ်တနေကပါ အတည်ပြုကြေညာထားပါတယ်။

play

 

iHeartRadio Jingle Ball ဖျော်ဖြေပွဲတွေကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ယင်းဖျော်ဖြေပွဲတွေမှာ အခြားနာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ အေရီရာနာ ဂရန်ဒီ၊ ဘရူနို မားစ်၊ နီရဲလ် ဟိုရန်၊ အယ်လီ ဂိုလ်ဒင်၊ ချာလီ ပွတ်သ်နဲ့ မက်ဂန် ထရိန်နောတို့လည်း ပါဝင်ကြမှာဖြစ်ပါတယ်။

play

 

အောက်တိုဘာလဆန်းတုန်းက ယူကေရဲ့ Loose Women ရုပ်သံအစီအစဉ်မှာ ဘီဘာကို ဖက်နမ်းချင်တယ်လို့ ဘရစ်တနေက ပြောခဲ့ဖူးတာကြောင့် စင်ပေါ်ရောက်ရင် တကယ်နမ်းမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ