International Celebrity: ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်အကောင်းဆုံး မင်းသားကြီးတစ်ယောက်

ဇာတ်ရုပ်မျိုးစုံနဲ့ ဇာတ်ကားပေါင်းများစွာမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး Animation ကာတွန်းကားတွေမှာလည်း အသံသရုပ်ဆောင်အဖြစ် ပါဝင်လေ့ရှိပါတယ်။

play


ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံးနဲ့လူသိအများဆုံး မင်းသားကြီးစာရင်းဝင် Robert De Niro ဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ရာနဲ့ချီပြီး ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူပါ။ သူဟာ မန်ဟတ်တန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး အသက် ၂၀ အရွယ်မှစတင်ကာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

play


ဇာတ်ရုပ်မျိုးစုံနဲ့ ဇာတ်ကားပေါင်းများစွာမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး Animation ကာတွန်းကားတွေမှာလည်း အသံသရုပ်ဆောင်အဖြစ် ပါဝင်လေ့ရှိပါတယ်။

play


ဟောလိဝုဒ်ဆယ်လီအချင်းချင်းတောင် လေးစားချစ်ခင်ရတဲ့ ရောဘတ်ဟာ Killer Elite, Limitless, Silver Linings Playbook, The Big Wedding, The Family, Last Vegas နဲ့ Joy ဇာတ်ကားကြီးတွေနဲ့ အောင်မြင်မှုများစွာရရှိခဲ့သူ ဖြစ်ပါတယ်။

play


မင်းသားချော ဇက်ခ်အက်ဖရွန်နဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားတဲ့ Dirty Grandpa ဟာသဇာတ်ကားနဲ့လည်း မင်းသားကြီး ရောဘတ်ကို လူသိများခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားထဲမှာတော့ ရောဘတ်က မြေးနဲ့အပြိုင်ကဲတဲ့ ခပ်ဆိုးဆိုးခပ်ဟော့ဟော့ အဘိုးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။

play


အနုပညာထူးချွန်ဆုများစွာ ပိုင်ဆိုင်ထားတဲ့ ရောဘတ်ဟာ ၂၀၀၃ ခုနှစ်မှာ ကင်ဆာရောဂါ အပြင်းအထန်ခံစားခဲ့ရဖူးကာ အခုအချိန်မှာတော့ ကျန်းမာရေးကောင်းမွန်ပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်လျက်ရှိတယ်လို့လည်းဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ