International Celebrity: ပထမဆုံးစကြိုက်ခဲ့တာ မိန်းကလေးတစ်ယောက်နဲ့ပါလို့ မိုင်လေဆိုင်းရပ်စ်ဝန်ခံ

၅ တန်း၊ ၆ တန်းလောက်မှာ မိန်းကလေးတစ်ယောက်နဲ့ စပြီးငြိခဲ့တာပေါ့။

play

 

မကြာခင် လက်ထပ်တော့မယ့် အဆိုတော်သရုပ်ဆောင် မိုင်လေဆိုင်းရပ်စ်က သူမပထမဆုံးချစ်ခဲ့တာ ယောက်ျားလေးတစ်ဦးမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

play

 

" ကျွန်မဘဝတစ်လျှောက်လုံး.. ကျွန်မရဲ့ကိုယ်ပိုင်လိင်သတ်မှတ်မှုနဲ့ ကိုယ်ပိုင်လိင်ခံစားချက်ကို နားမလည်ခဲ့ဘူး။ လိင်တူချစ်တယ်ဆိုတဲ့ စကားလုံးကို အမြဲတမ်းမုန်းတီးနေခဲ့တယ်။ တစ်စုံတစ်ယောက်က ယောက်ျားဖြစ်နေတာ ဒါမှမဟုတ် မိန်းကလေးဖြစ်တာရယ်လို့ တွေးတောင်မတွေးဖြစ်ခဲ့ဘူး။ ကျွန်မ ၅တန်း၊ ၆ တန်းလောက်က ပထမဆုံးမျက်စိကျတတ်ခဲ့တာ။ ပထမဆုံးချစ်သူကတော့ ကောင်မလေးတစ်ယောက်နဲ့လေ" လို့ မိုင်လေက Variety မဂ္ဂဇင်းကို ဖြေကြားခဲ့ပါတယ်။

play

 

မိုင်လေဆိုင်းရပ်စ်ဟာ လီယမ်ဟမ်းဆွက်သ်နဲ့ ပြတ်သွားခဲ့စဉ်က VS မော်ဒယ်လေး စတယ်လာမက်စ်ဝဲလ်နဲ့ ကြိုက်လိုက်ပါသေးတယ်။ ခုတော့ လီယမ်နဲ့ပဲ ပြန်အဆင်ပြေသွားပြီး အချစ်ရေးသာယာနေကာ နောက်နှစ်မှာ လက်ထပ်ကြတော့မယ်လို့လည်း ပြောထားပါတယ်။

Source : Celebuzz

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ