AD
AD
AD
play

 

ဖခင်ဖြစ်သူ လိုင်ယွန်နယ်ရစ်ချီက နာမည်ကျော်အဆိုတော်၊ အစ်မဖြစ်သူ နီကိုးလ်ရစ်ချီက ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ ဆိုဖီယာရစ်ချီဟာ မော်ဒယ်တစ်ယောက်ဖြစ်လာတာ မဆန်းလှပေမဲ့ နာမည်ကျော်တစ်ယောက်ဖြစ်လာပါ့မလားလို့ သံသယတွေ ရှိနေခဲ့ပါတယ်။

play

 

ဒါ့ပေမဲ့ လော့ဆန်းဂျလိစ်မှာ မွေးဖွားကြီးပြင်းလာတဲ့ အသက် ၁၈ နှစ်အရွယ် ဆိုဖီယာရစ်ချီဟာ PrettyLittleThing.com အတွက် မော်ဒယ်လုပ်ပေးရင်းနဲ့ သူမရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စတင်လိုက်ပါပြီ။

play

 

ဒီဇိုင်းအားလုံးကို သူမကိုယ်တိုင် ပြုလုပ်ကာ မော်ဒယ်လုပ်ရင်း ကောက်ကြောင်းအလှကို ပြသကာ ရည်းစားဟောင်း ဂျက်စတင်ဘီဘာ ဘာတွေနဲ့ လွဲချော်သွားတယ်ဆိုတာကို ပြသလိုက်ပါတယ်။

play

 

"ရီဟားနားက ကျွန်မကို စိတ်ကူးဉာဏ်တွေ ရရှိစေသူပါ။ သူ့ရဲ့ဒရမ်ရိုက်ချက်တွေနဲ့ သူက လိုက်ဖက်တယ်။ ကျွန်မလည်း အဲဒီလိုပဲလို့ ခံစားရတယ်။ ကိုယ့်ပုံစံအတိုင်းနေပြီး ကိုယ့်အတွက်ကိုယ် ဝတ်စားပါလို့ ကျွန်မအစ်မ နီကိုးလ်က အမြဲပြောတယ်" လို့ ကိုယ့်ရဲ့ဒီဇိုင်းကို ကိုယ့်ဘာသာဆင်ယင်ဖြစ်တဲ့အကြောင်းကို ဆိုဖီယာက ပြောပြခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD