International Celebrity: ပြန်လည်ထူထောင်ရေးစခန်းကို ရောက်နေတဲ့ ဆယ်လီနာဂိုးမက်စ်

သူမရဲ့ စိုးရိမ်စိတ်တွေနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ကုသဖို့အတွက် ဖြစ်ပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ် ဆယ်လီနာဂိုးမက်စ်ဟာ တန်နက်ဆက်ပြည်နယ်၊ နက်ရှ်ဗီးလ်မြို့ပြင်ရှိ ပြန်လည်ထူထောင်ရေးစခန်းမှာ နေထိုင်နေကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က သိရှိရပါတယ်။

"သူမက အရမ်းမှောင်တဲ့နေရာတွေကိုတောင် သွားနိုင်တယ်။ သူ့ရဲ့စိတ်ကျန်းမာရေးကို အာရုံစိုက်နိုင်ဖို့အတွက် အနားယူလိုက်တာပါ" လို့ သတင်းပေးတစ်ဦးက UsWeekly မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

ဆယ်လီနာဂိုးမက်စ်ဟာ သူမရဲ့ စိုးရိမ်စိတ်တွေ၊ ထိတ်လန့်မှုတွေနဲ့ စိတ်ဓာတ်ကျခြင်းကို ဖြေရှင်းနိုင်ဖို့အတွက် သူမရဲ့နယ်လှည့်ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းကြောင်း သြဂုတ်လ ၃၀ ရက်က ကြေညာခဲ့ပါတယ်။

play

 

Lupus ရောဂါခံစားနေရတဲ့ သရုပ်ဆောင် အဆိုတော် ဆယ်လီနာဟာ ယင်းရောဂါကြောင့်ပဲ ၂၀၁၄ ခုနှစ်ကလည်း ပြန်လည်ထူထောင်မှု ပြုလုပ်ခဲ့ရပါသေးတယ်။

ဆယ်လီနာဟာ သီချင်းသစ်ထုတ်ဖို့ အစီအစဉ်လည်းရှိခဲ့ပြီး အဲဒါကိုလည်း ရပ်လိုက်ရတယ်လို့ သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ