International Celebrity: ဂျေဇီးလုပ်သမျှ လိုက်လုပ်နိုင်တယ်လို့ ဆိုလာတဲ့ နစ်ကီမနာ့ဂ်ျ

ဂျေဇီးရဲ့လုပ်ဆောင်ချက်တွေကို အားကျပြီး အတုယူခဲ့တယ်လို့လည်း ဆိုပါတယ်။

play

 

အကိတ်ရပ်ပ်ပါ နစ်ကီမနာ့ဂ်ျက သူမကိုယ်ကိုယ် ဂျေဇီးနဲ့နှိုင်းယှဉ်လိုက်ပါတယ်။ ဂျေဇီးဟာ ရပ်ပ်ပါဘဝကနေ စီးပွားရေးလုပ်ငန်းရှင်အဖြစ် ကူးပြောင်းနေသလို သူမကလည်း အနုပညာအလုပ်သာမက စီးပွားရေးနယ်ပယ်မှာပါ ခြေချနေသူဖြစ်ပါတယ်။

play

 

" သူလုပ်နိုင်သမျှ အရာအားလုံး ကျွန်မလည်း လုပ်နိုင်တယ်လို့ ခံစားရပါတယ်" လို့ နစ်ကီမနာ့ဂ်ျက Marie Claire မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။ သူမအနေနဲ့ ဂျေဇီးရဲ့လုပ်ဆောင်ချက်တွေကို အားကျပြီး အတုယူခဲ့တယ်လို့လည်း ဆိုပါတယ်။

play

 

အမျိုးသမီးတိုင်းဟာ စွန့်ဦးတီထွင်နိုင်သူတွေဖြစ်လာပြီး ကြွယ်ဝတဲ့အမျိုးသမီးတစ်ဦးဖြစ်လာဖို့ ပန်းတိုင်ရှိသင့်တယ်လို့လည်း ပြောပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုပြီး ငွေကြေးပိုင်းဆိုင်ရာမှာ ခင်ပွန်းကိုမှီခိုနေရတာမျိုးကိုလည်း မထောက်ခံဘူးလို့ ထရီနီဒက်နွယ်ဖွား နစ်ကီမနာ့ဂ်ျက ဆိုခဲ့ပါတယ်။

Source : Motto

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ