International Celebrity: ဒရိတ်ခ်နဲ့ ပြတ်သွားပြီးနောက် အေးအေးလူလူ ကော့တေးသောက်နေတဲ့ ရီဟားနား

play

 

သူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့အတူ အေးအေးဆေးဆေးရှိနေတဲ့ ရီဟားနားကြည့်ရတာ ဒရိတ်နဲ့ ပြတ်သွားတာကို သိပ်ပြီး အာရုံမထားသလိုပါပဲ။

အသက် ၂၈ နှစ်အရွယ် R&B အဆိုတော်မလေးဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း မလီဆာဖို့ဒ်နဲ့အတူထိုင်ရင်း ဘီကီနီဝတ်လေးနဲ့ ကော့တေးသောက်နေခဲ့ပါတယ်။

play

 

ဒရိတ်ခ်က အင်စတာဂရမ်မှာ ဓာတ်ပုံတစ်ပုံတင်ရင်း သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းပြီးဆုံးသွားတာကို ရည်ရွယ်ပုံရတဲ့ အသိရခက်တဲ့ စာသားတချို့ကို ရေးသားထားတာကို မြင်တွေ့ရပြီး မကြာခင် ရီဟားနားက အဲဒီဓာတ်ပုံကို တင်လိုက်တာဖြစ်ပါတယ်။

play

 

"ငါ့ရဲ့စိတ်တွေ ပေါ့ပေါ့ပါးပါးနေလို့မရအောင် ဒရာမာတွေထဲမှာ အရမ်းကို ခေါင်းရှုပ်ရတယ်။ ဒါပေမဲ့ မင်းရဲ့အဆိုးရွားဆုံးအချိန်တွေမှာတောင် မင်းအတွက် ငါ ဆုတောင်းပေးနေပါတယ်" လို့ ဒရိတ်ခ်က ရေးသားထားပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ