International Celebrity: တိုကျိုရောက်နေတဲ့ ဂျီဂျီဟက်ဒီး

ဂျပန်မလေးတစ်ယောက်လို ချစ်စရာကောင်းနေပါတယ်။

play

 

ဂျီဂျီဟက်ဒီးဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သူမရဲ့ Tommy Hilfiger အဝတ်အစားတွေကို အရောင်းမြှင့်တင်ဖို့ ရောက်ရှိနေပါတယ်။

play

 

အောက်တိုဘာလ ၁၂ ရက်နေ့က တိုကျိုမှာ ပရိုမိုရှင်းပွဲလုပ်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဂျီဂျီဟာ Tommy တံဆိပ်တွေကို ထင်ထင်လင်းလင်းမြင်ရတဲ့ အားကစားဘရာနဲ့ ဘောင်းဘီတိုလေးကို တွဲဖက်ဝတ်ဆင်လို့ သူမရဲ့ဗိုက်သားအလှကို ဖော်ပြထားပါတယ်။

play

 

အပေါ်ကနေ အနက်ရောင် ကုတ်အင်္ကျီအထည်ထပ်ဝတ်ထားပြီး ဆံပင်ကို ခလယ်ခွဲလေးခွဲလို့ ခေါင်းထိပ်နှစ်ဖက်မှာ စုချည်ထားပုံလေးက ဂျပန်မလေးတစ်ယောက်လို ချစ်စရာကောင်းနေပြန်ပါတယ်။

play

 

မိတ်ဆက်စကားပြောကြားပြီးတဲ့နောက် ဂျီဂျီဟာ ပရိသတ်တွေကို စင်ပေါ်ခေါ်ပြီး ဆယ်ဖီအတူရိုက်ခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ