International Celebrity: ၂၀၁၆ စာပေနိုဘယ်ဆုကို အမေရိကန် တေးရေးဆရာ ရရှိ

ဘော့ဘ်ဒိုင်လင်းဟာ ၁၉၉၃ ခုနှစ်က တိုနီမော်ရစ်ဆင် နိုဘယ်ဆုရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံး အမေရိကန်နိုင်ငံသား နိုဘယ်ဆုရှင်လည်း ဖြစ်လာခဲ့ပါတယ်။

play


၂၀၁၆ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို အမေရိကန် အဆိုတော်နဲ့ တေးရေးဆရာ ဘော့ဘ်ဒိုင်လင်းက ရရှိခဲ့ပြီး ပထမဆုံး စာပေနိုဘယ်ဆုရ တေးရေးဆရာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

play


အသက် ၇၅ နှစ်အရွယ် ဂန္တဝင် ရော့ခ်ဂီတစတား ဘော့ဘ်ဒိုင်လင်းက အမေရိကန် တေးသီချင်းကဏ္ဍမှာ ကဗျာဆန်တဲ့ အရေးအသားများကို ဖော်ညွှန်းရေးသားနိုင်မှုကြောင့် နိုဘယ်ဆုရွေးချယ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

play


ဘော့ဘ်ဒိုင်လင်းဟာ ၁၉၉၃ ခုနှစ်က တိုနီမော်ရစ်ဆင် နိုဘယ်ဆုရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံး အမေရိကန်နိုင်ငံသား နိုဘယ်ဆုရှင်လည်း ဖြစ်လာခဲ့ပါတယ်။ ဘော့ဘ်ဒိုင်လင်းရဲ့ သီချင်းတွေအနက် Blowin in the Wind နဲ့ The Times They are A-Changin တို့က ထင်ရှားကျော်ကြားပါတယ်။

play


ဘော့ဘ်ဒိုင်လင်းဟာ ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဂီတနယ်ပယ်ကို ၁၉၅၉ ခုနှစ်က မင်နီဆိုတားရှိ ကော်ဖီဆိုင်တွေမှာ ဖျော်ဖြေရင်း စတင်ခဲ့သူဖြစ်ပြီး ဂီတသက်တမ်း ၅၇ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်လွန် နှစ်တွေမှာ ဘော့ဘ်ဒိုင်လင်းကို အမေရိကန်မှာ လူသိများလာခဲ့ပါတယ်။

play


ဘော့ဘ်ဒိုင်လင်းရဲ့ တေးသီချင်းအယ်လ်ဘမ် အများအပြား ထွက်ရှိခဲ့ပြီး ၁၉၆၅ ခုနှစ်က Highway 61 Revisited၊ ၁၉၆၆ ခုနှစ်က Blonde on Blonde နဲ့ ၁၉၇၅ ခုနှစ်က Blood on the Tracks အယ်လ်ဘမ်တွေက ပရိသတ်တွေကြား ထင်ရှားကျော်ကြားခဲ့ပါတယ်။
Source & Photo: Daily Mail, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ