International Celebrity: ဒရိတ်နဲ့ရီဟားနားတို့ မြဲမှာမဟုတ်မှန်း ကြိုသိခဲ့တယ်လို့ ခရစ္စဘရောင်းပြော

ခရစ္စက ရီဟားနားကို လက်မလျှော့ချင်သေးပါဘူး။

play

 

မကြာခင်ကမှ ပြတ်စဲသွားကြတဲ့ ဒရိတ်ခ်နဲ့ ရီဟားနားတို့ရဲ့ အချစ်ရေးအပေါ် ကြိုတင်သိထားနှင့်ပြီးဖြစ်တယ်လို့ ရီဟားနားရဲ့ အချစ်ဟောင်းက ပြောလိုက်ပါတယ်။ ခရစ္စဘရောင်းနဲ့ ရီဟားနားတို့ဟာ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တွဲခဲ့ကြတာပါ။

play

 

" ခရစ္စဘရောင်းက သူတို့အချစ်ရေး ကြာကြာမြဲမှာမဟုတ်မှန်း သိထားနှင့်ပြီးသားပါ။ ဒရိတ်ခ်ကြောင့်မဟုတ်ပေမယ့်လည်း ဒရိတ်ခ်က ရီဟားနားအတွက် စိတ်တိုင်းကျတဲ့လူမျိုးမဟုတ်ဘူး။ " လို့ ခရစ္စဘရောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ရီဟားနားကို ခရစ္စဘက်က လက်မလျှော့သေးဘူးလို့လည်း အဆိုပါပုဂ္ဂိုလ်က ပြောပါသေးတယ်။

play

 

ဒရိတ်ခ်နဲ့ရီဟားနားတို့ဟာ ယခင်ကလည်းချစ်သူတွေဖြစ်ခဲ့ဖူးပြီး ပြတ်စဲသွားရာက သြဂုတ်လမှာ တရားဝင်ပြန်တွဲခဲ့ကြတာဖြစ်ပါတယ်။ အောက်တိုဘာ ဒုတိယသီတင်းပတ်မှာတော့ ဒုတိယအကြိမ်လမ်းခွဲလိုက်ကြပါတယ်။

Source : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ