International Celebrity: ယမန်နှစ်အတွင်း မိုက်ကယ်ဂျက်ဆင်ရဲ့ဝင်ငွေ ဒေါ်လာ သန်း ၈၀၀ ကျော်လွန်ခဲ့

ကွယ်လွန်သူသာမက သက်ရှိထင်ရှားရှိနေတဲ့ မည်သည့်အနုပညာရှင်မဆိုရဲ့ တစ်နှစ်တာဝင်ငွေကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။

play

 

ကွယ်လွန်သွားပေမယ့် ဝင်ငွေရနေဆဲ အနုပညာရှင်စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ရာမှာ ၂၀၁၆ ခုနှစ်အတွက် ဝင်ငွေအများဆုံး ကွယ်လွန်သူအနုပညာရှင်ဟာ မိုက်ကယ်ဂျက်ဆင် ဖြစ်လာပါတယ်။

ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျင်ဆင်ရဲ့ယမန်နှစ်ဝင်ငွေဟာ ဒေါ်လာ ၈၂၅ သန်း အထိ ရှိခဲ့တာပါ။ ဒါဟာ ကွယ်လွန်သူသာမက သက်ရှိထင်ရှားရှိနေတဲ့ မည်သည့်အနုပညာရှင်မဆိုရဲ့ တစ်နှစ်တာဝင်ငွေကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။

play

 

Sony/ATV က ဖြန့်ချိခဲ့တဲ့ ကတ်တလောက် တစ်ဝက်လောက်ကို မတ်လမှာ ရောင်းချခဲ့စဉ် ယခုလို ဝင်ငွေရခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်က မိုက်ကယ်ဟာ Beatles ရဲ့ ကတ်တလောက်ကို ဒေါ်လာ ၄.၇ သန်းနဲ့ဝယ်ယူခဲ့ပါတယ်။ နောက် ၁၀ နှစ်အကြာမှာတော့ Sony က မိုက်ကယ်နဲ့အတူ ပူးပေါင်းဖို့ ဒေါ်လာ ၁၁၅ သန်း ပေးခဲ့ပါတယ်။ အဆိုပါပူးပေါင်းထဲက ကျန်တဲ့တစ်ဝက်ကို မတ်လမှာ လွှဲပြောင်းဝယ်ယူလိုက်တယ်လို့ သိရပါတယ်။

Source : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ