International Celebrity: အင်္ကျီချွတ်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်နေတဲ့ စကော့အိစ်ဝုဒ်

Pacific Rim ဇာတ်ကားသစ်မှာ ပါဝင်မှာမို့ ခုလိုလေ့ကျင့်နေတာပါ။

play

 

အမေရိကန် မော်ဒယ်မင်းသား စကော့အိစ်ဝုဒ်ဟာ ရုပ်ရည်ချောမောရုံသာမက တောင့်တင်းတဲ့ ကိုယ်ခန္ဓာကိုပါ ပိုင်ဆိုင်ထားသူမို့ မိန်းကလေးပရိသတ်ရဲ့ အသည်းကျော်ပါပဲ။ ဒီလိုကိုယ်ခန္ဓာရလာဖို့အတွက်လည်း စကော့က ကြိုးကြိုးစားစား လေ့ကျင့်ထားတာပါ။

play

 

ခြံထဲမှာ နည်းပြတွေနဲ့အတူ လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုကိုလည်း သူက အင်စတာဂရမ်ပေါ်မှာ တင်ထားပါသေးတယ်။ Gym ကို အမြဲတမ်းသွားဖို့မလိုဘဲ ခြံဝင်းထဲမှာတင် လေ့ကျင့်နိုင်တယ်လို့လည်း ရေးထားခဲ့ပါတယ်။

play

 

Pacific Rim နောက်ဆက်တွဲဇာတ်ကားမှာ ပါဝင်ဦးမှာဖြစ်တာကြောင့် ယခုလို ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာလည်းဖြစ်ပါတယ်။ အင်္ကျီမပါဘဲ ဘောင်းဘီတိုတစ်ထည်နဲ့ လေ့ကျင့်နေပုံက ပျိုမေတွေ အသည်းခိုက်ကြွေချင်စရာ အမိုက်စားဘော်ဒီကြီးနဲ့ပါ။

Source : Scott Eastwood Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ